နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါရဝပြုလေးစားလျက်

စက်တင်ဘာ  ၂၇


မြန်မာ့လူ့ဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ နာသုံးနာကို အခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို ရိုသေလေးစား တန်ဖိုးထားကြသည်။ ယနေ့လူငယ်လူရွယ်များ သည် အနာဂတ်ကိုတည်ဆောက်ကြမည့် သားကောင်းရတနာများဖြစ်ကြရာ ဆရာ၊ ဆရာမများက ကောင်းမွန် စွာ ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် အဓိကအကြောင်းတစ်ရပ်ဖြစ်ပေသည်။ ထူးချွန်ထက်မြက်သော လူတော်လူကောင်းလေးများကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်သာယာလှပရေးအတွက် ကြိုးပမ်းကြခြင်း ပင်ဖြစ်သည်။ 

မိဘများသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်လိမ္မာရေးအတွက် ဆရာများထံအပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေခဲ့သည်။ ကံ့ကူလက်လှည့် ဆရာများ၏ သင်ကြားပို့ချမှုကြောင့် တိုးတက်မှု များကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးဖြစ်သည့် လူသား အရင်းအမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျသည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူး တို့ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့အစည်းကြီးက လိုလားအပ်သော သားကောင်းရတနာများ ပေါ်ထွန်းလာရေး၊ ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာအနှံ့ ပေါ်ပေါက်လာရန် လိုအပ် ပေသည်။ ယနေ့ကာလတွင်လည်း ဆရာကောင်း၊ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ မပေါ့သော အသိဖြင့် အာစရိယပူဇော်ပွဲများကို အနယ်နယ်အရပ်ရပ်တွင် ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် အာစရိယပူဇော်ပွဲအခမ်းအနားများကျင်းပခြင်း မပြုလုပ်ဘဲ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများထံ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ရန် ကျောင်းသား၊ ကျောင်းသူဟောင်းများက စီစဉ်လျက်ရှိကြသည်။

ဆရာ၊ ဆရာမများသည် ပညာသင်ကြားပေးသည်သာမက စိတ်ဓာတ်၊ စည်ကမ်း စံပြဖြစ်ရေး၊ ထူးချွန် ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်လာရေးတို့ကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ ဖြူစင်သန့်ရှင်း မွန်မြတ်လှသည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင်လက္ခဏာ ကောင်း များရှိသည့် မြတ်ဆရာတို့အပေါ် အစဉ်လေးစား ဂါရဝပြုလျက်  . . . . . ။         ။






အခြားဆက်စပ်သတင်းများ