နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ဒင် အမေရိကန် ရွေးကောက်ပွဲမှ နုတ်ထွက် ဒုတိယသမ္မတဟဲရစ်ကို သမ္မတလောင်းအဖြစ်ထောက်ခံ

ဝါရှင်တန် ဇူလိုင် ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် သမ္မတ ပြန်လည် ရွေးကောက်ခံ ရရေး ကြိုးပမ်းမှုကို ရုပ်သိမ်းလိုက် ပြီဖြစ်ပြီး ယင်း၏နေရာကို ဆက်ခံ မည့်သူအဖြစ် ဒုတိယသမ္မတ ကမ် မလာဟဲရစ်ကို  ထောက်ခံချက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲတွင် သမ္မတ ဟောင်း ဒေါ်နယ်ထရန့်နှင့် ယင်း၏ နိုင်ငံရေးအစီအစဉ်များကို အနိုင်ယူ သွားမည်ဖြစ်ကြောင်း ကမ်မလာ ဟဲရစ်က ကြွေးကြော်ထားပြီး သမ္မတ ဂျိုးဘိုင်ဒင် ပြိုင်ပွဲက နုတ်ထွက်ပြီး ချိန်တွင် မစ္စဟဲရစ်အနေဖြင့် ဒီမိုကရက် သမ္မတ လောင်းဖြစ်လာရန် ရေပန်းစား လျက်ရှိသည်။

ရွေးကောက်ပွဲရက်အထိ ရက် ပေါင်း ၁၀၇ ရက် အချိန်ရသဖြင့် ယင်းကာလအတွင်း အိမ်ဖြူတော်သို့ ရောက်ရှိရေးအတွက်  အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မစ္စဟဲရစ်က ပြောသည်။ 

သမ္မတဟောင်းဒေါ်နယ်ထရန့်က သမ္မတဂျိုးဘိုင်ဒင်  ပြိုင်ပွဲကနုတ်ထွက် သွားခြင်းကြောင့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်သည်   ပိုမိုလွယ်ကူသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း ပြောကြားထားသော်လည်း နိုင်ငံရေး လေ့လာသူများကမူ အမျိုးသမီး မဲဆန္ဒရှင်များကို  ဆွဲဆောင်လာနိုင် သည့် မစ္စဟဲရစ်၏အလားအလာများ ကို ထရန့်အနေဖြင့် ပိုမို အာရုံစိုက်ရ မည်ဖြစ်သည်ဟု ဆိုသည်။








(ref:CNA)






အခြားဆက်စပ်သတင်းများ