နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီး ကားပျံ ရှေ့ပြေးပုံစံ ထုတ်ဖော်ပြသ

ရီယိုဒီဂျနေယိုး ဇူလိုင် ၂၃

ဘရာဇီးတွင် လျှပ်စစ်လေယာဉ် ထုတ်လုပ်သည့် Eve လုပ်ငန်းစု အနေဖြင့် အသိအမှတ်ပြု လက်မှတ် ရရှိရန်နှင့် ၂၀၂၆ ခုနှစ်တွင် ဝန်ဆောင်မှု စတင်ပေးနိုင်ရန် ရည်ရွယ်ထားသည့် flying taxi ကားပျံတစ်စင်း၏ ရှေ့ပြေး ပုံစံကို ဇူလိုင် ၂၂ ရက်က ပထမဆုံး အကြိမ် ထုတ်ဖော်ပြသ လိုက်သည်။

Embraer ကုမ္ပဏီ လက်အောက်ရှိ Eve လုပ်ငန်းသည် ယင်း၏ လျှပ်စစ် စွမ်းအင်သုံး  ဒေါင်လိုက် အတက် အဆင်းလုပ်နိုင်သည့် eVTOL လေယာဉ် ၏ ရှေ့ပြေးပုံစံကို  ရင်းနှီးမြှုပ်နှံသူ များနှင့် ဖောက်သည်များကို ပြသပြီး နောက် ယင်းကို ကားပျံသဖွယ်အသုံးပြု နိုင်ကြောင်း မိတ်ဆက်ပြသလာခြင်း ဖြစ်သည်။

Eve သည် မြို့တွင်းခရီးတိုအတွက် ခရီးသည်များကို ပျံသန်းပို့ဆောင်ရန် ဒေါင်လိုက် တက်နိုင် ဆင်းနိုင်သည့် ဘက်ထရီစွမ်းအင်သုံး လေယာဉ်များ ကိုလည်း တီထွင်နေပြီး လက်ရှိတွင် မြေပြင်စမ်းသပ်မှုများ စတင်နေကာ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ရှေ့ပြေးပုံစံ ပျံသန်းနိုင်ရန် မျှော်လင့်ထားကြောင်း Eve စီအီးအိုက ပြောသည်။








(ref:Daily Mail)






အခြားဆက်စပ်သတင်းများ