နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ဖ်-၁၆ တိုက်လေယာဉ် တီထွင်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်ပြပွဲ ကျင်းပ

ဝါရှင်တန်  ဇူလိုင် ၂၃

လော့ခ်ဟိဒ် မာတင် အက်ဖ်-၁၆ တိုက်လေယာဉ်ကို တီထွင် ထုတ် လုပ်မှု နှစ်(၅၀)ပြည့် အထိမ်းအမှတ် အဖြစ် ဗြိတိန်နိုင်ငံ ၊ ဂလိုဆပ်စ်တာ ရှိုင်းယားဒေသ တော်ဝင်နိုင်ငံတကာ လေကြောင်း တာတူး အခြေစိုက် စခန်းတွင် ဇူလိုင် ၂၂ ရက်က လေယာဉ်ပျံသန်းမှု စွမ်းရည်ပြပွဲများ ကျင်းပကြောင်း သိရသည်။

တိုက်ခိုက်ရေး သိန်းငှက်ဟုကျော် ကြားသည့် အက်ဖ်-၁၆ တိုက်လေယာဉ် သည် နေတိုးနှင့် ယင်း၏ မဟာမိတ် တပ်ပေါင်းစုများအတွက်   တိုက် လေယာဉ်အုပ်စုများတွင် အရေးပါသည့် တိုက်လေယာဉ်ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် သုံးစွဲ လျက်ရှိသည်။

အက်ဖ်-၁၆ တိုက်လေယာဉ်ကို အပေါ့စား တိုက်ခိုက်ရေး လေယာဉ် အဖြစ် ပုံစံထုတ် တီထွင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘက်စုံသုံး တိုက် လေယာဉ်တစ်စီးအဖြစ် တိုးတက် လာကာ နေတိုးစစ်မဟာမိတ်အဖွဲ့၏ ဥရောပ စစ်ဆင်ရေးများတွင် အဓိက နေရာက တာဝန်ထမ်းဆောင်နေပြီး တာဝန်ထမ်းနေသည့် လေယာဉ် အစင်းပေါင်း ၇၀၀ ခန့် ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့် နေတိုး အဖွဲ့ဝင် နိုင်ငံအချို့၏ လေတပ်များ တွင်မူ အက်ဖ်-၁၆ အစား နောက် ထပ် လော့ခ်ဟိဒ် မာတင် မျိုးဆက် သစ် ဖြစ်သည့် အက်ဖ်-၃၅ ကို စတင် အသုံးပြုနေကြောင်း သိရသည်။ 








(ref:Reuters)






အခြားဆက်စပ်သတင်းများ