နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်လမှစ၍ ဂျပန်နိုင်ငံက နိုင်ငံခြားသားများအတွက် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးမည်

စက်တင်ဘာ ၂၇၊ တိုကျို


လာမည့်အောက်တိုဘာလမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဂျပန်နိုင်ငံတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်မည့် နိုင်ငံခြားသားများအားလုံးအတွက် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးတော့မည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟဒေးဆုဂက ပြောသည်။ သို့သော် အဆိုပါ ဖြေလျှော့မှုတွင် အလည်အပတ်လာရောက်မည့် ခရီးသည်များ ပါဝင်ခြင်းမရှိဟု ဆိုသည်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တိုက်ဖျက်ရန် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ချမှတ်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ရောဂါပိုးရှိသည့် လူနာသစ် ကျဆင်းလာခဲ့ပြီး လေဆိပ်များတွင် ရောဂါစစ်ဆေးနိုင်သည့် ပမာဏ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ 

''စီးပွားရေးပြန်ဦးမော့လာအောင်လုပ်ဖို့ နိုင်ငံတကာခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ရမှာပါ''ဟု ယိုရှီဟဒေးဆုဂက ဆိုသည်။ အဆိုပါကြေညာချက်မှာ ဂျပန်တက္ကသိုလ်များတွင် ဆောင်းဦးကာလ စာသင်နှစ်ဝက် အစပျိုးချိန်နှင့် တိုက်ဆိုင်နေသည်။ ဂျပန်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ပြည်ဝင်ခွင့်ပေးလိုသည်ဟု COVID-19 ရောဂါ တိုက်ဖျက်ရေးကော်မတီအဖွဲ့၏ အစည်းအဝေးတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးကို တာဝန်ယူထားသည့် စီးပွားရေး ပြန်လည်ဦးမော့ရေးဆိုင်ရာ ဝန်ကြီး နီရှီမူရာက ပြောသည်။ လက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှာ နိုင်ငံနှင့် ဒေသ ၁၅၉ ခုကို ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်။ ဂျပန်နိုင်ငံတွင် COVID-19  ရောဂါ ကူးစက်ခံရသူ ၈၀၀၀၀ ကျော်ရှိနေပြီး လူ ၁၅၀၀ ကျော် သေဆုံးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ