နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင်ပွဲရုံဝင်း စားသောက်ကုန်ရောင်းချသည့်လမ်း အချိန်အကန့်အသတ်ဖြင့် ယာဉ်ဝင်ခွင့်ပိတ်

ရန်ကုန် ဧပြီ ၂၅ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ စားသောက်ကုန်ရောင်းချသည့် လမ်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း အချိန်အကန့်အသတ်ဖြင့် ယာဉ်ဝင်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်သည့်လမ်းမသည် ကြက်သွန်၊ အာလူး အပါအဝင် စားသောက်ကုန်များရောင်းချသည့် ပွဲရုံတန်း ရေတမာလမ်းဖြစ်ကြောင်း ကုန်တင်ယာဉ်ရပ်နားစခန်းသာယာရေး နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ အဆိုပါလမ်းကို ဝင်ခွင့်မပြုသည့်ယာဉ်များတွင် အဓိကအားဖြင့် ၈ ဘီး ကား၊ ယာဉ်+ ကုန် ၂၁ တန် မှစပြီး ၂၁ တန် အထက် မော်တော်ယာဉ်အားလုံး ၈ ဘီး ၊ ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး များ ပါဝင်သကဲ့သို့ ကုန်သေတ္တာ ယာဉ် ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး၊၁၈ ဘီး ၊ ၂၂ ဘီး များပါဝင်သည့်အပြင် တွဲကားများ ဖြစ်သည့် ၁၄ ဘီး၊ ၁၈ ဘီး၊ ၂၂ ဘီးအားလုံး ဖြတ်သန်းသွားလာခွင့်ကို အချိန်ကန့်သတ်ပြီးဖြစ်ကြောင်း ၊ ယင်းအတွက် ရေတမာလမ်းရှိ ပွဲရုံ ဥပစာရှေ့တွင် ရပ်နားခြင်း၊ ရပ်တန့်ခြင်း၊ ကုန်တင် ၊ ကုန်ချ ပြုလုပ်ခြင်းများကို သတ်မှတ်အချိန်အတွင်း ခွင့်မပြုတော့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပိတ်လိုက်ခြင်းမှာ COVID-19 ရောဂါ မပြန့်ပွားစေရေးအတွက် ကာကွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရေတမာလမ်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် စီမံဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယုဇနလမ်း၊ ပိတောက်လမ်း၊ ရေတမာလမ်း၊ စိန်ပမ်းလမ်း၊ ငုဝါလမ်း၊ အောင်သပြေလမ်း၊ ခရေလမ်းစသဖြင့် လမ်းပေါင်း ၇ လမ်းရှိပြီး လက်ရှိတွင် ဘုရင့်နောင်ဝင်းအတွင်း ပွဲရုံများ ၉၀ ရာခိုင်နူန်းဝန်းကျင် ပြန်လည်ဖွင့်လှစ်ကာ လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်း၊ အချိန် ကန့်သတ်ထားသည့်လမ်းကို စည်းကမ်းဖောက်ဖျက်မှုရှိလာခဲ့ပါက ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး အရေးယူမှုကို လာမည့် ဧပြီ ၂၇ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ