နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Google Pixel 5 တွင် အသုံးပြုလာမည့်စနစ်များထွက်ပေါ်

စက်တင်ဘာ   ၂၆

Google Pixel 5 ကို စက်တင်ဘာ ၃၀ ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ပြီး ယခုအခါတွင် Google Pixel 5 မှာ သုံးလာမည့် စနစ်များထွက်ပေါ်လာပြီဖြစ်သည်။
Pixel 5 မှာ Snapdragon 765G သုံးထားပြီး mmWave 5G ထောက်ပံ့လာမည်မဟုတ်ဘဲ sub-6 သာ ထောက်ပံ့လာမည်ဖြစ်သည်။

အဆိုပါဖုန်းမှာ ၆ လက်မ AMOLED 90Hz 1080 x 2340px ရုပ်ထွက်သုံးထားပြီး HDR ထောက်ပံ့လာမည် ဖြစ်သလို Gorilla Glass 5 မှန်နှင့် အကာအကွယ်ပေးလာသည်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်း လာမည်ဖြစ်သည်။
ကျောဘက်ကင်မရာနှစ်လုံးမှာ အဓိက ကင်မရာက 12.2MP f/1.74 ဖြစ်ပြီး Dual Pixel PDAF ၊ OIS နှင့် EIS တို့ ထောက်ပံ့ထားပြီး ၇၇ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်သည်။ ဒုတိယကင်မရာက ၁၀၇ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်ပြီး 16MP f/2.2 ဖြစ်ကာ ရှေ့ကင်မရာက 8MP f/2.2 ဖြစ်သည်။ ကျောဘက်ကင်မရာဖြင့် 4K@ 60fps၊ 1080p@240fps တို့ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာဖြင့် 1080p@30fps ဖြင့် ဗီဒီယိုရိုက်ကူးနိုင် သည်။

ဘက်ထရီ 4080 mAh ပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်သလို ကြိုးမဲ့အားသွင်းမှုလည်း ထောက်ပံ့ထား သည်။ စတီရီယိုစပီကာများပါဝင်သလို NFC ၊ Bluetooth 5.0 ၊ LTE ၊ 5G ထောက်ပံ့ထားသည်။ IP68 ရရှိထားခြင်းကြောင့် ရေစိမ်ခံနိုင်သည်. ဖရိန်မှာ ပြန်လည်သန့်စင်ထားသည့် အလူမီနီယမ်ကိုသာ သုံးထားပြီး Android 11 တစ်ပါတည်း ပါဝင်မည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ