နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung Galaxy S20 FE တွင် 120Hz OLED Display နှင့် 5G ဗားရှင်း ပါဝင်လာ

စက်တင်ဘာ   ၂၆

Galaxy S20 FE  သည် ပရီမီယံမော်ဒယ် Galaxy S20 ၊ S20 Plus နှင့် S20 Ultra တို့၏ Specs များကို ပြန်ချိန်ထားသည့် Affordable ဖုန်းဖြစ်သည်။ Samsung Galaxy S20 FE 5G ဗားရှင်းသည် ယခင် Galaxy S20 စီးရီးကဲ့သို့ Snapdragon 865 processor အသုံးပြုထားပြီး 4G ရိုးရိုးဗားရှင်းက Exynos 990 SoC ဖြင့် ထွက်ရှိလာပြီး LTE modem  ထည့်ပေးထားသည်။

Screen အပေါ် အလယ်နားတွင် 4-in-1 pixel binning ပါ 32MP punch hole ဆယ်လ်ဖီကင်မရာပါရှိပြီး  အနီ ၊ လိမ္မော် ၊ လာဗင်ဒါ ၊ စိမ်းနု ၊ နက်ပြာနှင့် အဖြူ စသဖြင့် အရောင် ၆ မျိုးဖြင့်ထွက်ရှိလာပြီး screen အပြင် Galaxy S20 များနှင့် ကွာခြားသွားသည့်အချက်က ကင်မရာနှင့်ဘက်ထရီတို့ဖြစ်သည်။

Galaxy S20 FE တွင် 25W fast charging ပံ့ပိုးထားသည့် 4500 mAh ဘက်ထရီဖြင့် ထွက်ရှိလာပြီး reverse wireless charging လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ RAM 6GB ၊ microSD card မှ ဆက်မြှင့်နိုင် မည့် storage နှင့် IP68 rating ရေစိုခံမှု ပါဝင်လာသည်။ in-display fingerprint reader ပါရှိပြီး Dolby အသံနည်းပညာပါဝင်သည့် AKG စတီရီယိုစပီကာများလည်း ပါရှိသည်။

ကျောဘက်တွင် ထောင်လိုက် စတုဂံကင်မရာအိမ်နှင့်အတူ OIS ပါ 12MP sensor ၊ 12MP ultrawide နှင့် 8MP telephoto ကင်မရာသုံးလုံးတွဲ အသုံးပြုထားသည်။ Samsung ၏အဆိုအရ telephoto သည် 3x optical zoom ဆွဲနိုင်ပြီး 30x space Zoom feature ပါထည့်သွင်းပေးထားသည်။ Single SIM နှင့် Dual SIM ဗားရှင်းနှစ်မျိုးဖြင့်ထွက်ရှိလာပြီး SA/NSA ကွန်ရက်နှစ်မျိုးလုံး ပံ့ပိုးနိုင်မည့် 5G ဗားရှင်းလည်း ထွက်ရှိထားပြီး  128GB storage (4Gဗားရှင်း) ကို ဂျာမနီတွင် ၆၃၃ ယူရို (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) သတ်မှတ်ထားပြီး ၊ 5G ဗားရှင်းကို ယူရို ၇၃၀ (မြန်မာငွေ ၁၁ သိန်းကျော်) သတ်မှတ်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ