နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အိမ်မွေးတိရစ္ဆာန်များနှင့် အရောတဝင်မနေသင့်

ရန်ကုန်   စက်တင်ဘာ ၂၆

တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ်မွေးတိရစ္ဆာန်များ မွေးမြူလာကြသည်။  အများဆုံးမွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ ဖြစ်ကြသည်။ ထိုအိမ်မွေး တိရစ္ဆာန်များသည် လူနှင့်အနီးကပ်ဆုံး သတ္တဝါများ ဖြစ်ကြသဖြင့် စနစ်တကျ မွေးမြူတတ်ကြရန် အရေးကြီးပေသည်။ တိရစ္ဆာန်တို့တွင် ဗိုင်းရပ်စ်ပိုးများရှိတတ်ရာ ထိုဗိုင်းရပ်စ်ပိုးများ လူကိုကူးစက်ခံရပါက လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်ပါသည်။ အထူးသဖြင့် အလှမွေးခွေးအမျိုးမျိုး မွေးမြူကြရာတွင် သတိပြုဖို့ လိုပါသည်။ ခွေးများတွင် အဓိကအားဖြင့် ခွေးရူးရောဂါများ ဖြစ်ပွားတတ်ပါသည်။ ခွေးရူးရောဂါသည် ခွေးများတွင်သာမက ကြောင်များတွင်လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားနေသော ခွေး၊ ကြောင်အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ လူကို အကိုက်ခံရပါက ယင်းတို့တွင် ရှိသော ဗိုင်းရပ်စ်ပိုးများ လူ၏ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။  အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း သတိပြုရမည့်အချက်မှာ တိရစ္ဆာန်များနှင့် အရောတဝင်မပြုလုပ်ရန်နှင့် အရောတဝင်ပြုမိပါက အမှတ်မထင် လူကို ကိုက်တတ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက သတိပေး လျက်ရှိသည်။ ထိုသို့ အကိုက်ခံရပါက ဒဏ်ရာကို သေချာစွာ သန့်စင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျ    ကုသင့်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။

အိမ်မွေးတိရစ္ဆာန်များ မွေးမြူမည်ဆိုလျှင် အိမ်မွေးတိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ပြသ ပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် အခြားရောဂါကာကွယ်ဆေးထိုးနှံပေးရန် အရေးကြီးသည်။ ''ခွေးရူးရောဂါ အဆုံးသတ်ရေး ကာကွယ်ဆေးထိုးကာ ပူးပေါင်းပေး'' ဆောင်ပုဒ်နှင့်အညီ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ် ဆေးများ ထိုးနှံပြီးမှ မွေးမြူကြရန် လိုအပ်ပါကြောင်း ။                  ။






အခြားဆက်စပ်သတင်းများ