စက်တင်ဘာ ၂၆၊ ကိဗ်
ယူကရိန်းနိုင်ငံတွင် စစ်လေယာဉ်ပျက်ကျခဲ့ခြင်းကြောင့် လေတပ် တပ်သားအများစုအပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။ Antonov-26 လေယာဉ်မှာ ပြီးခဲ့သည့်သောကြာနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကစ်ဗ်မြို့အနီးတွင် ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ကာကစ်ဗ်လေတပ်တက္ကသိုလ်မှ လေတပ် တပ်သားများကို တင်ဆောင်လာသည့် အဆိုပါလေယာဉ်မှာ လေ့ကျင့်ပျံသန်းမှုလုပ်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် လူ ၂၇ ဦး လိုက်ပါခဲ့သည်ဟု အရေးပေါ်ဝန်ကြီးဌာန အရာရှိများက ပြောသည်။ လေယာဉ်ပျက်ကျမှုတွင် လူနှစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ပျောက်ဆုံးနေသူသုံးဦးကို ရှာဖွေလျက်ရှိသည်။ လေယာဉ်ပျက်ကျသည့် အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
အဆိုပါလေယာဉ်ပျက်ကျမှုမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ပဋိပက္ခနှင့်ဆက်နွှယ်နေသည်ဟု ယူဆနိုင်သည့်အကြောင်းရင်း မရှိဟု ဆိုသည်။ အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်ပျက်မကျမီ လေယာဉ်အင်ဂျင်တစ်လုံး အလုပ်မလုပ်တော့ဟု လေယာဉ်မှူးတစ်ဦးက သတင်းပို့ခဲ့ကြောင်း ကာကစ်ဗ်ဒေသပြည်နယ်အုပ်ချုပ်ရေးမှူး အိုလက်ဆီးကူချာက ပြောသည်။
Ref:BBC(KNT)