စက်တင်ဘာ ၂၆
ကာရာဘောင်းဖလားမှာ စပါးအသင်းဟာ ယှဉ်ပြိုင်ရခြင်းမရှိဘဲ စတုတ္ထအဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။ စပါးဟာ တတိယအဆင့်မှာ လေတန်အိုးရီးယန့်အသင်းနဲ့ ကာရာဘောင်းဖလားပွဲကစားရမှာ ပါ။ ဒါပေမယ့် လေတန်အသင်းဘက်ကနေ ကိုဗစ်ကူးစက်မှုတွေကူးစက်နေတာကြောင့် ပွဲကိုရွှေ့ဆိုင်းခဲ့ရပြီး နောက်လေတန်ဘက်ကနေ လိဂ်ဖလားပွဲကို ဆက်လက်ဆင်နွှဲဖို့ မဖြစ်နိုင်တော့တဲ့အတွက် စပါးအသင်းက ကာရာဘောင်းဖလားစတုတ္ထအဆင့်ကို အလိုအလျှောက်တက်လှမ်းသွားခဲ့ပါတယ်။ League Two ကလပ် လေတန်အသင်းက ပွဲကိုပြန်ကစားဖို့ စီစဉ်ခဲ့ပေမယ့် EFL က ပြိုင်ပွဲစည်းကမ်းအရ ပွဲကစားရန်ကစားသမား အလုံအလောက်မရှိပါက ပြိုင်ဘက်ကို အနိုင်ပေးရမည်ဆိုတဲ့အချက်ကို ကျင့်သုံးဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါ တယ်။ ဒါကြောင့် စပါးဟာကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်ရောက်ခဲ့ပြီး ချယ်ဆီးအသင်းနဲ့တွေ့ဆုံ မှာဖြစ်ပါတယ်။ အခုတလော ကိုဗစ်ကူးစက်မှုတွေက ဘောလုံးနယ်ပယ်အတွင်း အရမ်းပျံ့နှံ့နေပါတယ်။ ကစားသမားတွေနည်းပြတွေမှာလည်း ကူးစက်မှုတွေခံနေရတာကြောင့် ဘောလုံးလောကမှာ အတော်ဂယက် ထလာနေပါတယ်။
(SO)