စက်တင်ဘာ ၂၆
မက်ဆီဟာ ဘာစီလိုနာအသင်းကနေထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ဥပဒေအကြောင်းအရ အသင်းသံယောဇဉ်အရတွေကြောင့် ဘာစီမှာပဲ ဒီရာသီဆက်ရှိနေခဲ့ပါတယ်။ ရာသီသစ်မှာကလည်း မက်ဆီအတွက် စိန်ခေါ်မှုတွေများစွာရှိနေပါတယ်။ နည်းပြအသစ်၊ နည်းစနစ်အသစ်နဲ့အတူ ကမ္ဘာ့ အကောင်းဆုံးအားကစားသမားဆုတွေ၊ စံချိန်တွေဆက်လက်ရယူနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့် ရတော့မှာပါ။ မက်ဆီနဲ့နည်းပြကိုးမန်းတို့က ပရိုပီသသူတွေဖြစ်သလို အသင်းကိုလည်းသံယောဇဉ်ကြီး တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေ အသင်းဆီကို ယူဆောင်မလာဘဲ အသင်းတိုးတက်ရေးကိုသာ ပေါင်းစပ်လုပ်ကိုင်ကြမှာ သေချာပါတယ်။ မက်ဆီအနေနဲ့ ကတ်တလန်မှာပဲ ဆက်နေထိုင်ခဲ့တာကြောင့် ကမ္ဘာပေါ်မှာ ခြေစွမ်းကောင်းကစားသမားတိုင်းမရနိုင်တဲ့ ကမ္ဘာ့စံချိန်ကြီးတွေကို ရရှိဖို့အခွင့်သာလျက်ရှိနေပါတယ်။ မက်ဆီဟာ ၇၃၁ ပွဲကစားထားတာကြောင့် လက်ရှိကစားသမားများထဲမှာ ပွဲအများဆုံး ကစားထားသူဖြစ်ပါတယ်။ ဘာစီအတွက်တော့ ပွဲအများဆုံးကစားထားသူက ဇာဗီ ၇၆၇ ပွဲဖြစ်တာကြောင့် ဒီရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် ဂန္တဝင်ပွဲအများဆုံးကစားသမားဆိုတဲ့ စံချိန် တစ်ခုကို ပိုင်ဆိုင်ရေးထိုးခွင့်ရှိနေပါတယ်။ လက်ရှိဘောလုံးလောကမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက် ဂိုးအများဆုံးသွင်းထားသူက ပီလီသာရှိပါတယ်။ ပီလီက ဂိုးပေါင်း ၆၄၃ ဂိုးသွင်းကာ တစ်သင်းတည်း ဂိုးအများဆုံးသွင်းထားသူပါ။ မက်ဆီက ၆၃၃ ဂိုးရရှိထားတာကြောင့် ဒီရာသီမှာ တစ်သင်းထဲဂိုးအများဆုံးသွင်း ထားသူဆိုတဲ့ ကမ္ဘာ့စံချိန်လည်းရဦးမှာပါ။ လက်ရှိမှာ ဘာစီလိုနာအသင်းအတွက် စပိန်လာလီဂါရာသီ အများဆုံးကစားပေးထားသူ ဇာဗီရဲ့ ၁၇ ရာသီကို လိုက်မီမယ့်ဘာစီနဲ့ ရာသီအများဆုံးဖြတ်သန်းသူဖြစ်တာကြောင့် စံချိန်တင်ရာသီတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဥရောပတလွှားမှာ ကလပ်အသင်းတစ်သင်းထဲနဲ့ ဆုဖလားအများဆုံး ဆွတ်ခူးပိုင်ဆိုင်ခဲ့တာမန်ယူက ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ် ၃၆ လုံးပဲဖြစ်ပါတယ်။ လက်ရှိ မက်ဆီက ၃၄ ရရှိထားတာကြောင့် ရိုင်ယန်ဂစ်ရဲ့စံချိန်ကို လိုက်မီနိုင်မယ့် တစ်ဦးတည်းသော သက်ရှိကစားသမားအဖြစ် တစ်သင်းထဲ ဆုဖလားအများဆုံးဆွတ်ခူးပိုင်ဆိုင်နိုင်မယ့် အခြေအနေကောင်းတွေ ရှိနေသူပါ။
(SO)