နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာဟာ လူငယ်ကစားသမား အန်ဆုဖာတီကို စာချုပ်ဖျက်သိမ်းကြေးများစွာနဲ့ သက်တမ်းတိုး

စက်တင်ဘာ ၂၆

လူငယ်ကစားသမား အန်ဆုဖာတီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ခြေစွမ်းတွေပြပြီး လိဂ်ပွဲ ၂၄ ပွဲပါဝင်ကစားထားခဲ့တဲ့သူပါ။ အန်ဆုဖာတီဟာ အသက် ၁၆  နှစ် ၂၉၈ ရက်နဲ့ ပြီးခဲ့တဲ့နှစ်  သြဂုတ်လကစပြီး ဘာစီလိုနာမှာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒါကြောင့် အသင်းရဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားပဲဖြစ်ပါတယ်။ ယခုဘာစီလိုနာဟာ လူငယ်ကစားသမားလေး အန်ဆုဖာတီကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၆၇ သန်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ အသက် ၁၇ နှစ်ပြည့်ကာနီး ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဘာစီက အန်ဆုဖာတီနဲ့ အရင်ချုပ်ဆိုခဲ့တဲ့စာချုပ်ကို ၂ နှစ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းတာဟာ ပေါင် ၂၁၁ သန်းအထိတိုးသွားခဲ့ပါတယ်။ အန်ဆုဖာတီဟာ အင်တာကိုပြောင်းသွားတဲ့ ဗီဒယ်ရဲ့ကျောနံပါတ် ၂၂ ဂျာစီကိုဝတ်ဆင်မှာပါ။ အန်ဆုဖာတီဟာ လာလီဂါသမိုင်းမှာ တစ်ပွဲထဲဂိုးလည်းသွင်းဂိုးလည်းဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်ကစားခဲ့တာကြောင့် ဘာစီအသင်းရဲ့ အသက်အငယ်ဆုံးချန်ပီယံလိဂ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင် အန်ဆုဖာတီဟာ ယူကရိန်းအသင်းကို အနိုင်ရတဲ့ပွဲမှာ စပိန်အသင်းအတွက် ဂိုးသွင်းခဲ့တာကြောင့် ၉၅ နှစ်ကြာ တင်ထားတဲ့စပိန်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့ ပါတယ်။ မန်ယူက အန်ဆုဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ဘာစီတို့က မက်ဆီနေရာဆက်ခံမယ့် အန်ဆုဖာတီကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။               

(SO)






အခြားဆက်စပ်သတင်းများ