နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UEFA ရဲ့ စည်းမျဉ်းအသစ်နဲ့ ကျင်းပမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲများ

စက်တင်ဘာ ၂၅


နည်းဗျူဟာစပယ်ရှယ်လစ်နည်းပြတွေအကြိုက်တွေ့စေမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ကစားသမား ၅ ဦးထိ လူစားလဲခွင့်ပြုတဲ့စည်းမျဉ်းအသစ် UEFA က ခွင့်ပြုလိုက်ကြောင်း ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။ စီးရီးအေ၊ လီဂူးဝမ်း၊ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေမှာလည်း ကစားသမား ၅ ဦးထိ လူစားလဲလို့ရတဲ့ စည်းမျဉ်းကို ဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာတော့ အခြားလိဂ်တွေနဲ့မတူဘဲ ကစားသမား ၃ ဦးသာ လူစားလဲခွင့်ရှိပါတယ်။ ဥရောပထိပ် တန်းကလပ်အသင်းတွေဟာ  COVID-19 ကြောင့် ကစားသမားများအနားယူချိန် သိပ်မရတဲ့အတွက် ကစားသမား ၅ ဦးထိ ဆက်လက်လူစားလဲခွင့်ပေးဖို့ UEFA ကို တောင်းခဲ့ရာ ဥရောပဘောလုံးအာဏာပိုင်တွေ အစည်းအဝေးကျင်းပပြီးတောင်းဆိုမှုကို လိုက်လျောခဲ့တာပါ။ ပရီးမီးယားလိဂ်မှာလဲ လူစား ၅ ဦးလဲခွင့်၊ အရန်ကစားသမား ၉ ဦးထားရှိခွင့်တွေတောင်းဆိုခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ အောက်တိုဘာ ၁ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေမဲခွဲဆုံးဖြတ်သွားဖို့ရှိပါတယ်။ UEFA အဖွဲ့ချုပ်ဟာ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲစဉ်တွေကို လာမယ့်နှစ် မတ်လနဲ့စက်တင်ဘာလမှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ဒါကြောင့် ကလပ်အသင်းတွေ အခက်အခဲတွေကြုံရဖို့ရှိနေပါတယ်။ ရာသီပြီးဆုံးပြီး တစ်ပတ်အကျော်မှာ နိုင်ငံပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကစားသမားတွေကြောင့် ပရီးမီးယားလိဂ်မန်နေဂျာတွေ အခက်တွေ့နိုင်ပါတယ်။ ကစားသမားရွေးချယ်ရမယ့် အင်္ဂလန်နည်းပြဆောက်ဂိတ်အတွက် စိန်ခေါ်မှုတွေတိုးလာပါတယ်။ UEFA ကတော့ နေရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ယူရိုပါ ၂၀၂၁ ပြိုင်ပွဲကျင်းပမယ့် နွေရာသီ ကာလနောက်ပိုင်းမှသာ ကျင်းပသွားမယ်လို့ အတည်ပြုကြေညာထားပါတယ်။ ကိုဗစ်ကြောင့် ယူရိုပါပွဲတွေကို တံခါးပိတ်ကျင်းပရမယ့်အရေးကို လူအများစိုးရိမ်နေပါတယ်။ ပြိုင်ပွဲကို မြို့ကြီး ၁၂ မြို့မှာ ကျင်းပသွားဖို့ လျာထားပေမယ့် လိုအပ်ရင် Plan B ကို အသုံးပြုသွားမယ်လို့ UEFA က ကြေညာခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ