စက်တင်ဘာ ၂၅
ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားသည့် နည်းပြ ရော်နယ်လ်ကိုးမန်းနေရာတွင် ဖရန့်ဒီဘိုးဝါးကို နယ်သာလန် လက်ရွေးစင်အသင်းနည်းပြအဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
နယ်သာလန်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြရော်နယ်လ်ကိုးမန်းကို လက်လွှတ်ခဲ့ရပြီးနောက် ယင်း၏ နေရာတွင် အစားထိုးခန့်အပ်မည့်နည်းပြကို အချိန်ယူရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဖရန့်ဒီဘိုးဝါးကို ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ဖရန့်ဒီဘိုးဝါးသည် နည်းပြလောကသို့ ဝင်ရောက်ခဲ့ချိန်က အေဂျက်ဇ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နယ်သာလန်အမှတ်ပေးချန်ပီယံဆုကို လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ယင်းသည် နယ်သာလန်အသင်းကို နည်းပြအဖြစ် တာဝန်ယူခွင့်ရပြီးနောက် ပွဲဦးထွက်အဖြစ် လာမည့် အောက်တိုဘာ ၇ ရက်တွင် မက္ကဆီကိုအသင်းနှင့် ခြေစမ်းပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် နယ်သာလန်အသင်းသည် UEFA Nations League ပွဲစဉ်အဖြစ် ဘော့စနီးယားအသင်း၊ အီတလီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
(သူရိန်)