စက်တင်ဘာ ၂၅
အာဆင်နယ်အသင်း ကာရာဘောင်းဖလားပွဲမှာ လက်စတာစီးတီးကို ၂−၀ ရလဒ်နဲ့နိုင်ပြီး နောက်တစ်ဆင့် ကိုတက်လှမ်းခဲ့ပါပြီ။ အာဆင်နယ်တို့ ဒီရာသီမှာပရီးမီးယားလိဂ်အပါအဝင် ၄ ပွဲဆက်အနိုင်ရရှိခဲ့တာပဲဖြစ် ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲက လူစာရင်းကို ၇ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ကာ ဂိုးသမားကိုလည်း အရင်အတိုင်းထားကာ နောက်ခံလူဒေးဗစ်လူးဝစ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့ပါ တယ်။ အာဆင်နယ်ရဲ့နောက်တန်းက အဆင့်ဆင့်ပိတ်ဆို့ကစားမှု၊ နယ်လ်ဆန်နဲ့ ဆာကာတို့ရဲ့ ဘယ် တောင်ပံတိုက်စစ်ဆင်မှုတွေဟာ အတော်ကောင်းမွန်ခဲ့ပါတယ်။ ရှေ့တန်းတိုက်စစ်အဆုံးသတ်ပိုင်းအားနည်းခဲ့လို့သာ ပထမပိုင်း ဂိုးမရခဲ့တာပါ။ လက်စတာတိုက်စစ်က မက်ဒီဆန်ရဲ့ကန်ချက်တိုင်ထိခဲ့လို့လည်း ဂိုးသက်သာခွင့်ရခဲ့တာပါ။ ဒုတိယပိုင်းမှာ အာဆင်နယ်က ဖိအားတွေပိုလုပ်ခဲ့တာကြောင့် အဝေးပေးနဲ့ ကစားတဲ့လက်စတာတို့ထင်သလောက် မဖောက်နိုင်ပဲ နောက်တန်းလည်း ဘောလုံးပျက်တာ တွေများလာခဲ့ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ ပေပေညာခြမ်းကနေတိုးဝင်ပြီး ကန်သွင်းရာမှာ ဘောလုံးက တိုင်မှန်ပြီး လက်စတာနောက်ခံလူဖုချ်နဲ့ ထိပြီးဂိုးဝင်သွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်တို့အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ နောက်လက်စတာတို့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ စီဘာယော့စ်၊ ဝီလီယန်နဲ့ ဘယ်လာရစ်တို့က အဆင့်ဆင့်ထိန်းချုပ်သွားခဲ့တာကြောင့် လက်စတာတို့အောင်မြင်မှုမရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာဘဲ ဘယ်လာရင်ရဲ့ ထိုးဖောက်ဖန်တီးပေးမှုကနေ နကီးတီးယားက ဂိုးအဖြစ် အဆုံးသတ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့နှစ်ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်တို့ နောက်တစ်ပွဲမှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးနဲ့ အန်ဖီးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
(SO)