နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ် ၁၄ မြို့နယ်သို့ သိန်း ၃၀ဝ ကျော်တန်းဖိုးရှိ COVID-19 ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၂၅ Access to Health Fund ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်သို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် ငွေကျပ် သိန်း ၃၀ဝ ကျော်တန်ဖိုးရှိပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ မြို့နယ် ၁၄ မြို့နယ်သို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် N95 နှာခေါင်းစည်းများ၊ Hand Sanitizer ဘူးများ၊ အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဆပ်ပြာများ၊ လက်အိတ်များ၊ လက်ဆေးကန်များ၊ အသိပညာပေးဗီနိုင်းများကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းလှူဒါန်းပစ္စည်းများကိုလှိုင်သာယာ၊ အင်းစိန်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ထန်းတပင်၊ လှည်းကူး၊ ဒလ၊ ခရမ်း၊ သုံးခွ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ လမ်းမတော်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် စသည့် မြို့နယ်များရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လိုအပ်သည့်နေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ထမ်းဆောင်ခြင်း၊ အလှူရှင်များ၏ အကူအညီဖြင့် လိုအပ်သည့် ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ