စက်တင်ဘာ ၂၅၊ ဟနွိုင်း
တရားမဝင် ပြန်လည်ရောင်းချမည့် အသုံးပြုပြီးသား ကွန်ဒုံး ၃၂၀၀၀၀ ကျော်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံမီဒီယာတစ်ခုက ဖော်ပြသည်။ မကြာသေးမီက ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘင်ဒေါင်ပြည်နယ်ရှိ ဂိုဒေါင်တစ်လုံးကို ဝင်ရောက်စီးနင်းရာတွင် စုစုပေါင်းအလေးချိန် ၇၉၄ ပေါင် ရှိသည့် ကွန်ဒုံးအိတ်များ တွေ့ရှိခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်ရပ်အတွက် ဂိုဒေါင်ပိုင်ရှင်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။
ကွန်ဒုံးများကို ဆေးကြောပြီး သစ်သားလိင်တံဖြင့် ပြန်လည်ပုံသွင်းကာ ပါကင်ထုတ်ပိုးပြီး ပြန်လည်ရောင်းချခြင်းဖြစ်သည်။ ယင်းအနေဖြင့် ကွန်ဒုံးတစ်ကီလိုဂရမ်အတွက် အမေရိကန်ဒေါ်လာ ဝ.၁၇ ရရှိသည်ဟု ဖမ်းဆီးခံရသည့် အမျိုးသမီးက ပြောသည်။ ဈေးကွက်အတွင်း ရောင်းချခဲ့သည့် အသုံးပြုပြီးသား ကွန်ဒုံးမည်မျှရှိကြောင်း တိတိကျကျ မသိရသေးပေ။
Ref:BBC(KNT)