နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နယူးယော့ခ်မြို့ရှိ တိုင်းမ်စကွဲတွင် နှစ်သစ်ကူးအောင်ပွဲခံ အခမ်းအနား ကျင်းပမည်မဟုတ်

စက်တင်ဘာ ၂၅၊ နယူးယော့ခ်


လူစုလူဝေးလုပ်ပါက COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်ပူပန်သည့်အတွက် ၁၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နယူးယော့ခ်မြို့ရှိ တိုင်းမ်စကွဲတွင် ယခုနှစ်အတွက် နှစ်သစ်ကူးအောင်ပွဲခံသည့် အခမ်းအနား ကျင်းပတော့မည်မဟုတ်ကြောင်း အရာရှိများက ကြေညာခဲ့သည်။


နယူးယော့ခ်မြို့ရှိ တိုင်းမ်စကွဲတွင် ကျင်းပလေ့ရှိသည့် နှစ်သစ်ကူးအကြိုည အောင်ပွဲခံအခမ်းအနားမှာ ကမ္ဘာ့အကြီးမားဆုံး နှစ်သစ်ကူးအခမ်းအနားများအနက် တစ်ခုဖြစ်ပြီး မန်ဟတ်တန်မြို့နယ် လမ်းများပေါ်တွင် လူတစ်သန်းနီးပါး အောင်ပွဲခံပျော်ပါးလေ့ရှိကာ အဆိုပါပုံရိပ်ကို ရုပ်သံမှကြည့်ရှုသူ တစ်ဘီလျံကျော် ရှိသည်။


သို့သော် လာမည့်ဒီဇင်ဘာလ ၃၁ ရက်တွင် တိုင်းမ်စကွဲရင်ပြင်ကို နယူးယော့ခ်မြို့ရဲတပ်ဖွဲ့က စည်းတားထားမည်ဖြစ်ပြီး နှစ်သစ်ကူးအခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်ဖြစ်သည်။ ရုပ်သံ ရိုက်ကူးရေးအစီအစဉ်အတွက် တိုင်းမ်စကွဲရင်ပြင်တွင် လူအနည်းငယ်ကိုသာ တစ်ဦးနှင့် တစ်ဦး ခပ်ဝေးဝေးနေစေပြီး နှစ်သစ်ကူး အောင်ပွဲခံခွင့်ပေးမည်ဟု နှစ်သစ်ကူးအောင်ပွဲခံ အခမ်းအနား စီစဉ် ကျင်းပလေ့ရှိသည့် တိုင်းမ်စကွဲမဟာမိတ်အဖွဲ့(Times Square Alliance)က ပြောသည်။


ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၃၂ သန်းကျော်၊ သေဆုံးသူ ၁ သိန်းနီးပါးရှိနေပြီး COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၇ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော် ရှိနေသည်။                                    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ