နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Oxygen Beats စနစ်ပါဝင်သည့် Amazfit GTR 2 စမတ်နာရီကို ကြေညာ

စက်တင်ဘာ   ၂၅


Huami က စမတ်နာရီသစ်ဖြစ်သည့် Amazfit GTR 2 ကို ကြေညာလာပြီး အဆိုပါ စမတ်နာရီမှာ ၁ ဒသမ ၃၉ လက်မ AMOLED 454x454px Resolution ရုပ်ထွက်သုံးထားကာ 3D မှန် သုံးထားသည်။

ဘက်ထရီ 471 mAh ပါဝင်ပြီး ပုံမှန်စနစ်များသာ သုံးမည်ဆိုပါက ၁၄ ရက်အထိ အသုံးပြုနိုင်ပြီး နာရီအဖြစ် သုံးမည်ဆိုပါက ၃၈ ရက်အထိ သုံးနိုင်မည်ဖြစ်သည်။

မိုက်ခရိုဖုန်းပါဝင်ကာ ဖုန်းပြောဆိုမှု လုပ်နိုင်သော်လည်း eSIM ထောက်ပံ့မထားဘဲ ဖုန်းနှင့် ချိတ်ဆက်သုံးရ မည်ဖြစ်သည်။ XiaoAI ထောက်ပံ့ထားပြီး NFC ထောက်ပံ့ထားကာ ငွေပေးချေမှု ပြုလုပ်နိုင်မည်ဖြစ်သည်။ သီချင်းအပုဒ်ရေ ၆၀၀ အထိ ထည့်သွင်းထားနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းမပါဝင်ဘဲ Bluetooth နားကြပ်ဖြင့် ချိတ်ဆက်ကာ သီချင်းနားထောင်နိုင်မည်ဖြစ်သည်။

SomusCare စနစ်ပါဝင်ပြီး အိပ်ချိန်ကို အသေးစိတ်တွက်ချက်ပေးမည်ဖြစ်သည်။ ၂၄ နာရီ အချိန်ပြည့် နှလုံးခုန်နှုန်းတိုင်းပေးမည့် Bio Tracker PPG Heart Rate Sensor ပါဝင်ပြီး Oxygen Beats ပါဝင်ကာ သွေးထဲ အောက်ဆီဂျင်ရှိမှုကို တိုင်းတာပေးမည်ဖြစ်သည်။ GPS ပါဝင်ပြီး အားကစားလှုပ်ရှားမှု ၁၂ မျိုးတို့ကို Tracking လုပ်ပေးနိုင်မည်ဖြစ်ကာ ရေအောက် ၅၀ မီတာအထိ ရေစိမ်ခံနိုင်သည်။

အဆိုပါစမတ်နာရီကို Sports နှင့် Classic ဗားရှင်းနှစ်မျိုးဖြင့် ရွေးချယ်နိုင်ပြီး Sports ဗားရှင်းကို ဒေါ်လာ ၁၅၀ (မြန်မာငွေကျပ် ၁၉၅၀၀၀) နှင့် Classic ဗားရှင်းကို ဒေါ်လာ ၁၆၀ (မြန်မာငွေကျပ် ၂၀၈၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ