နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းကြက်မွေးမြူသူများ ရေရှည်ရပ်တည်ရန်ခက်ခဲလာ

ရန်ကုန်  စက်တင်ဘာ ၂၅


နိုင်ငံခြားမွေးမြူရေးကုမ္ပဏီကြီးများနှင့် ထုတ်လုပ်မှုစရိတ် မယှဉ်ပြိုင်နိုင်သဖြင့် ပြည်တွင်းကြက်မွေးမြူ သူများ ရေရှည်ရပ်တည်ရန်ခက်ခဲလာကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည် ။

နိုင်ငံခြားမွေးမြူရေးကုမ္ပဏီကြီးများအနေဖြင့် ကြက်မွေးမြူရေး အစာရောင်းချသည့်အပြင် ကိုယ်ပိုင်ကြက်မွေးမြူရေးလုပ်ငန်းကို ပိုမိုတိုးချဲ့လုပ်ကိုင်လာမှုကြောင့် ကြက်မွေးမြူရေးဈေးကွက်တွင် မယှဉ်ပြိုင်နိုင်သဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်းသိရသည် ။

" ၁၉၉၆ ခုနှစ်ကစပြီးဝင်ရောက်လာတော့ ပထမပိုင်းမှာ အစာရောင်းချတယ် ။ ပြည်တွင်းမွေးမြူသူတွေနဲ့ အကျိုးတူဆောင်ရွက်တယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်မွေးမြူမှုပုံစံတွေ တစ်နှစ်ထက်တစ်နှစ် ပိုများ လာတယ်၊ ဒီလိုကုမ္ပဏီကြီးတွေ တိုးချဲ့မွေးမြူမှုတွေကို ထိန်းချူပ်မှုမရှိတော့ ဈေးကွက်မှာ အသားထုတ်လုပ် မှုပိုလျှံလာပြီး တိုင်းရင်းသားမွေးမြူသူတွေမှာ ဈေးကွက်မှာ ထိခိုက်လာတာပါ" ဟုအဆိုပါအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကြက်စာထုတ်လုပ်ရောင်းချမှုအပြင် ကိုယ်တိုင်ဝင်ရောက်မွေးမြူလာသည့် ကုမ္ပဏီကြီး ၁၀ ခုခန့်အထိရှိလာပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအနေဖြင့် ကြက်စာရောင်းချခြင်း ကြက်သား ပေါက်ထုတ်လုပ်မှုများကိုသာ ခွင့်ပြုပေးသင့်ကာ နိုင်ငံသားမွေးမြူရေးလုပ်ငန်းဖြစ်သည့် အခြေခံတစ်နိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ (FDI) ခွင့်မပြုပေးသင့်ကြောင်း သိရသည် ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အကုန် ၂၀၂၀ နှစ်ဆန်းပိုင်းကာလများတွင် ပြည်တွင်း၌ ကြက်မွေးမြူမှုများ များပြားလာ၍ ပြည်တွင်းလိုအပ်ချက်ထက် ပိုမိုထုတ်လုပ်လာနိုင်သည့်အတွက် ကြက်သားဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ မတ်လမှစတင်၍ ပြည်တွင်းသို့ အသားစားကြက်သားပေါက်တင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် ပြည်တွင်းလိုအပ်ချက်မပြည့်မီသည့် အခြေအနေဖြစ်ပွားမှုကိုကြိုတင်ဖြည့်ဆည်းသည့်အနေဖြင့် အသားစားကြက်ပေါက် ၉၂၀,ဝ၀ဝ ကို တစ်လတာယာယီ တင်သွင်းခွင့် ပြုခဲ့ကြောင်းသိရသည် ။

မြန်မာနိုင်ငံတွင် အသားတိုးကြက်ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်လလျှင် ကြက်ပေါက် ၁၈ သန်းရှိကြောင်း မျိုးခြံနှင့်ဖောက်စက်အသင်းထံမှ သိရသည်။                  

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ