နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌သတိပြုဆင်ခြင်ဖွယ် မီးဘေးအန္တရာယ်

ရန်ကုန်   စက်တင်ဘာ   ၂၅


မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ  အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်များအရ သိရသည်။ နှစ်စဉ်မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှု လျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်းမီးကို ဂရုပြုသုံးစွဲသင့်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စက်မှုဇုန် ၅ နှင့် မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်တို့ စက်တင်ဘာ ၂၃ ရက်၊ နံနက်စောစောပိုင်းက ကြက်အသားလွှာအအေးခန်းလုပ်ငန်း ရုံးခန်းအတွင်း လေအေးပေးစက် အပူလွန်ကဲ၍လည်းကောင်း၊ ဆက်သွယ်ရေးမြေအောက်သုံး ကေဘယ်လ်ပိုက် နှင့် သွပ်ရေစိမ်စက်ရုံ၊ ဇင့်ရည်များ ပေါက်ကျပြီး မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၂၄ ရက်ကလည်း မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်၊ ဗဟိုလမ်း၊ မုဒိတာအိမ်ရာအနီးတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့၊ ပန်းခြံလမ်း ဘောလုံးကွင်းအနီးတွင်လည်း မီးလောင်မှုဖြစ်ခဲ့သည်။

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် မီးစတင်လောင်ကျွမ်း ချိန်တွင် ငြိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်း တွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာနက အသိပေးထားသည်။ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်း၊ ဝါယာ ရှော့ခ်ဖြစ်၍ မီးလောင်ခြင်း၊ လျှပ်စစ်ရေနွေးအိုး၊ မီးပူ၊ ပေါင်းအိုးစသည်တို့မှတစ်ဆင့် မီးလောင်ခြင်းတို့လည်း ပေါ့ဆမှုများပင် ဖြစ်သည်။ ပေါ့ဆမီးလောင်မှုပုံစံများစွာရှိသည်ကို သတိပြုကာကွယ်ရမည်ဖြစ်ပေသည်။

ယခုအခါ ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့် အဆောက် အအုံများတွင် လေဝင်လေထွက်ကောင်းမွန်ရေး ဆောင်ရွက်သင့်သည်။ အထပ်မြင့် အဆောက်အအုံများတွင်  မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက မီးခိုးများမွှန်၍ သေဆုံးမှုများဖြစ်ပေါ်ရာ လေကာများအား အလုံပိတ်ထားခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်သည်။ မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို အားလုံးသတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်းကြောင်း တွေ့ရပေသည်။ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ်စောင့်ရှောက်စေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ