နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်ဦးမြို့နယ်တွင် မိုးလယ်မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ညောင်ဦး စက်တင်ဘာ ၂၄


 မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းလာခြင်းကြောင့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလာနေကြောင်း တက်မကျေးရွာ ဦးမောင်ဌေးကပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်းငုံစိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်းငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများနှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အားကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်က ရှင်းပြသည်။ ပဲစင်းငုံ အပင်သက်တမ်းသည် ရှစ်လ၊ ခုနစ်လကျော်ကြာမြင့်ပြီး အဖူး၊ အပွင့် ပွင့်ချိန်သည် တော်သလင်းလ၊ သတင်းကျွတ် လတွင်ပွင့်ကြောင်း၊ အပွင့်ပွင့်ချိန်မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်းလျော့နည်းသွားနိုင်ကြောင်း၊ အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရရန်သေချာကြောင်းသိရသည်။

ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင်ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်းငုံကိုင်း များ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်းငုံ ခါစင် (ပီပါ၊ အမာခုံ) ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ်ခွဲခြားကာ ပဲစင်းငုံ သိမ်းခြင်းပြီးကြောင်း သိရသည်။

ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန်တောင်သူများ မျှော်လင့်နေကြကာ ယခင်နှစ်က ပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၈၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။


ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ