စက်တင်ဘာ ၂၄
Poco က စမတ်ဖုန်းသစ်ဖြစ်သည့် Poco X3 ကို ကြေညာလာပြီး အဆိုပါဖုန်းမှာ ၆ ဒသမ ၆၇ လက်မ Full HD+ 120Hz LCD ရုပ်ထွက်သုံးထားပြီး လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားသည်။ အတိုင်းအတာက 165.3 x 76.8 x 9.4 mm ရှိပြီး အလေးချိန် 214 g ရှိသည်။ စတီရီယိုစပီကာနှစ်လုံး ပါဝင်ပြီး USB Type C ပေါက် သုံးထားသည်။
Poco X3 မှာ ကင်မရာ ၅ လုံး ပါဝင်ပြီး ရှေ့ကင်မရာက 20MP ဖြစ်သည်။ ကျောဘက်ကင်မရာတို့က 64MP + 13MP Ultrawide + 2MP Macro + 2MP Depth တို့ဖြစ်သည်။ Snapdragon 732G ဖြင့် ပါဝါထောက်ပံ့ထား သည်။
Android 10 အခြေပြု MIUI 12 သုံးထားပြီး 6GB/64GB ၊ 6GB/128GB နှင့် 8GB/128GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ ဘက်ထရီ 5160 mAh ပြီး 33W Fast Charging ထောက်ပံ့ထားသည်။
အဆိုပါဖုန်းကို Shadow Gray ၊ Cobalt Blue အရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် 6GB/64GB ကို ဒေါ်လာ ၂၃၀ ၊ 6GB/128GB ကို ဒေါ်လာ ၂၅၀ နှင့် 8GB/128GB ကို ဒေါ်လာ ၂၇၀ အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
(သူရိန်)