နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo ၏ ပထမဆုံး စမတ်နာရီသစ်မိတ်ဆက်

ရန်ကုန်   စက်တင်ဘာ   ၂၄


Vivo Watch ကုမ္ပဏီ၏ ပထမဆုံးစမတ်နာရီဖြစ်ပြီး 42mm နှင့် 46mm ဗားရှင်း ၂ မျိုးဖြင့် ထွက်ရှိလာကာ circular ဒီဇိုင်းအသုံးပြုထားပြီး 42mm ဗားရှင်းသည် ဘေးတွင် crown ပုံစံခလုတ်ဖြင့်ထွက်ရှိလာသည်။ 46mm ဗားရှင်းအနေဖြင့် နာရီအိုးဘေးဘောင်တွင် ပုံမှန်စတုဂံခလုတ်ကွက်ဖြင့် ထွက်ရှိထားသည်။

အဆိုပါနာရီနှစ်လုံးသည် ၁ ဒသမ ၁ လက်မနှင့် ၁ ဒသမ ၃၉ လက်မ AMOLED panel ပါရှိပြီး Always-on Display လုပ်ဆောင်ချက်ပါဝင်သည်။  Vivo Watch သည် Apollo Ultra-low Power Coprocessor နှင့်အတူ ST Miniature Main Control Processor အသုံးပြုထားပြီး Internal Storage အနေဖြင့် 2GB ပါရှိသည့်အတွက်ကြောင့် လုံလောက်သည့်ပမာဏအဖြစ် အသုံးပြုနိုင်သည်။ 

Vivo Watch တွင် ကိုယ်ပိုင် music player ၊ Alipay အမြန်ငွေချေမှု ၊ Jovi Voice Assistant ၊ Smart Schedule နှင့် ဖုန်းပေါ်က Noti များကြည့်နိုင်မည့်စနစ်များပါထည့်သွင်းပေးထားပြီး အခြား Features များဖြစ်သည့် နှလုံးခုန်နှုန်းနှင့် သွေးအောက်ဆီဂျင် Level နှုန်း ခြေရာခံနိုင်မည့် အာရုံခံစနစ်များပါ ထည့်သွင်း ပေးထားသည်။ 

ထို့အပြင် အခြားလိုအပ်သည့် Feature များစွာပါဝင်သည့်အတွက်ကြောင့် အသုံးပြုသူကြိုက်နှစ်သက်စေ မည့် စမတ်နာရီအမျိုးအစားတစ်ခုဖြစ်သည်။ 

အဆိုပါ Vivo Watch (42mm နှင့် 46mm) တို့ကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

(WP)






အခြားဆက်စပ်သတင်းများ