နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများ မိမိနိုင်ငံပြန်ဝင်ရောက်နိုင်ရန် ထိုင်းနိုင်ငံမှ အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်

ရန်ကုန် ဧပြီ ၂၅ မြန်မာနိုင်ငံအတွင်းရောက်ရှိနေခဲ့ကြသည့် ထိုင်းနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်ဝင်ရောက်နိုင်ရန် နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့၏ စဖန်ပလားဆိပ်ကမ်း နယ်စပ်ဂိတ်ကို ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံမှ ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ကမ္ဘာနှင့်အဝန်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပေါ်အပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ နယ်စပ်ကူးသန်းသွားလာခွင့်များ ပိတ်သိမ်းခဲ့ရာ အလုပ်ကိစ္စများဖြင့် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံသားများ ပိတ်မိနေခဲ့ကြကာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြရသဖြင့် မြန်မာနိုင်ငံ ရောက် ထိုင်းနိုင်ငံသားများ မိမိနိုင်ငံ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် နေသည့် နယ်စပ်ဂိတ်များဖြစ်သည့် ဂိတ်အမှတ်(၁) မယ်ဆိုင်၊ တာချီလိတ် အမှတ်(၂) တံတား၊ ဂိတ်အမှတ်(၂) မဲဆောက်၊ မြဝတီ ချစ်ကြည်ရေး အမှတ်(၂)တံတားနှင့် ဂိတ်အမှတ်(၃) ကန်ကျနာ့ဘူရီခရိုင် နမ့်ဖုရွန့် (ထီးခီး) ဂိတ်တို့ကို အသီးသီး ဖွင့်လှစ်ကာ ယင်းတို့၏ နိုင်ငံသားများအား ပြန်လည်လက်ခံလျက်ရှိရာမှ ဧပြီ ၂၄ ရက် ရက်စွဲပါ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးကြေညာချက် အမှတ် ၁၂/၂ဝ၂ဝဖြင့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကော့သောင်းမြို့၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့၏ စဖန်ပလားဆိပ်ကမ်းနယ်စပ်ဂိတ်ကို ဂိတ်အမှတ်(၄) အဖြစ်ထပ်မံဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ပြန်လည်ဝင်ရောက်ခွင့် ထောက်ခံစာအား online မှတစ်ဆင့် ရယူလျှောက်ထား၍ နေ့စဉ် ထိုင်းနိုင်ငံ စံတော်ချိန် မွန်းတည့် ၁၂ နာရီ မတိုင်မီ ပြန်လည်ဝင်ရောက်ရမည်ကို ဖော်ပြပါရှိကြောင်း သိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ