နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငုံးဥဈေးနှုန်းများ အဆမတန်ကျဆင်းနေသဖြင့် ငုံးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်

ရန်ကုန်    စက်တင်ဘာ   ၂၄


ပြည်တွင်း၌ စားသောက်ဆိုင်လုပ်ငန်းများ ယာယီရပ်နားထားသည့်အတွက် ယခုလပိုင်းတွင် ငုံးဥဈေးနှုန်းများ အဆမတန်ကျဆင်းနေသဖြင့် ငုံးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ငုံးမွေးမြူရေးလုပ်ငန်းများမှ သိရသည်။ 

လက်ရှိတွင် ငုံးမွေးမြူရေးခြံများ၌ ငုံးဥတစ်လုံးလျှင် ၁၅ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိသောကြောင့် နေ့စဉ် အစာစရိတ်အရှုံးပေါ်နေကြောင်း၊ ထိုသို့ အစာစရိတ်မတတ်နိုင်ခြင်းကြောင့် လုပ်ငန်းရှင်များက ငုံးအကောင်လိုက် ထုတ်ရောင်းလိုကြသော်လည်း လက်ရှိငုံးတစ်ကောင်လျှင် ၂၀ဝ ကျပ်ခန့်သာပေါက်ဈေးရှိပြီး ပုံမှန်ဈေးထက် တစ်ဝက်ကျော်နည်းနေသည့်အပြင် ဝယ်ယူမည့်သူလည်းမရှိကြောင်း မုံရွာမြို့နယ်ရှိ ငုံးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ကူးစက်ပြန့်ပွားချိန်ဖြစ်သော ယခုနှစ်၊ မတ်လကုန်ပိုင်းနှင့် ဧပြီလအတွင်း ငုံးဥဈေးနှုန်းများ ပုံမှန်အောက်ကျဆင်းသွားသော်လည်း နောက်ပိုင်းလများတွင် ဈေးပြန် တက်လာသဖြင့် ငုံးမွေးမြူရေးလုပ်ငန်းများ ပြန်အဆင်ပြေခဲ့ကြောင်း၊ ယခုတစ်ဖန် ပြည်တွင်း၌ ဒုတိယ အကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဆိုးရွားစွာဖြစ်ပေါ်သောအချိန်တွင် ငုံးဥဈေးနှုန်းများ အဆမတန်ကျဆင်းသွားသဖြင့် ငုံးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်ကာ ငုံးအကောင်လိုက် ထုတ်ရောင်းရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် ငုံးခြံများတွင် ငုံးဥဈေးနှုန်းသည် တစ်လုံးလျှင် ၂၀ ကျပ်အထက်ဈေးရရှိပြီး ငုံးအကြီး တစ်ကောင် ဈေးနှုန်းမှာလည်း တစ်ကောင်လျှင် ၅၀ဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ