နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ပြန်လည်ပြည့်မြဲစွမ်းအင်

ရန်ကုန်   စက်တင်ဘာ ၂၄


သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာ အကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် မြစ်၊ ချောင်း၊ အင်းအိုင် ရေအားအရင်းအမြစ်များ ပေါများကြွယ်ဝ သည်ဖြစ်ရာ ရေအားလျှပ်စစ်စီမံကိန်းများ ချမှတ်၍ ရေအားကို အဓိကထား လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲ လာကြသည်။ ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက်ပို၍ ပူနွေးလားသည်။ ဤသည်ကို အကြောင်း ပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်။ ထိုအခါ ရေအားလျှပ်စစ်ထုတ်လုပ်မှုတချို့ ထိခိုက်လာရသည်။ ယင်းကာလများတွင် သဘာဝဓာတ်ငွေ့သုံး စက်ရုံများနှင့် ကျောက်မီးသွေးသုံးစက်ရုံများက မောင်းနှင်ထုတ်ပေးရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေနှင့် မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွား လျက်ရှိသည်။ တိုးပွားလာသည့် အနေအထားကို ဖြည့်စွက်ရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုများသည် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ရေရှည်စဉ်းစားရမည့် အချက်ဖြစ်သည်။ ထိုနေရာ၌ ပြန်လည် ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့် စွန့်ပစ်ပစ္စည်းလောင်စာတို့သည်  သဘာဝအလျောက် ထုတ်ယူသုံးစွဲမှုမကုန်သည့် စွမ်းအင်များဖြစ်သည်။

နိုင်ငံတော်မှ ဓာတ်အားတိုးမြှင့်အသုံးပြုနိုင်ရန် စက်ရုံများတည်ဆောက်ရန် ကျွန်းချောင်းသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံ၊ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတ(LNG) သုံးဓာတ်အားပေး စက်ရုံ၊ သီလဝါ  (LNG) သုံးဓာတ်အားပေးစက်ရုံ၊ ကျောက်ဖြူ (LNG) သုံးဓာတ်အားပေးစက်ရုံ၊ ရွှေတောင် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများနှ မဂ္ဂဝပ် စုစုပေါင်း ၁၁၀၀ ဒသမ ၀၈ ထုတ်လုပ်ပေးခဲ့သည်။ ထို့အပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင်  ၃၀ မဂ္ဂဝပ်မှ ၅၀ မဂ္ဂဝပ်အထိထွက်ရှိမည့် ဆိုလာလုပ်ကွက် ၃၀ ဖြင့် ဓာတ်အားထုတ်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများထံ အရောက်ဆောင်ကြဉ်းပေးနိုင်မည့် လျှပ်စစ်မီးရရှိ‌ရေးတွင် သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်၊ စွမ်းအင်လည်း လုံလောက်စေမည့် ပြန်လည် ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ပေးစေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ