နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူကာရှန်ကိုက ကြေညာခြင်းမရှိဘဲ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းကြောင့် ဘီလာရုစ်နိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပွား

စက်တင်ဘာ ၂၄၊ မင့်စ်


ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ကြေညာခြင်းမရှိဘဲ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဘီလာရုစ်နိုင်ငံမြို့တော် မင့်စ်မြို့တွင် အကြီးအကျယ် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ရိုက်နှက်၊ ဖမ်းဆီးခဲ့ပြီး ရုပ်သံမှတ်တမ်းတစ်ရပ်အရ မီးသတ်ပိုက်များ အသုံးပြုခဲ့ကြောင်း တွေ့ရသည်။


ဆဋ္ဌမမြောက် သမ္မတသက်တမ်းအတွက် လူကာရှန်ကို၏ ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို လူရာပေါင်းများစွာ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ အတိုက်အခံနိုင်ငံရေးသမားတစ်ဦးက အဆိုပါအခမ်းအနားကို '' သူခိုးများ အစည်းအဝေး'' ဟု ဝေဖန်ခဲ့သည်။


ပြီးခဲ့သည့်လက သမ္မတရွေးကောက်ပွဲတွင် လူကာရှန်ကို အနိုင်ရအောင် မဲမသမာမှုလုပ်ခဲ့သည်ဟု အတိုက်အခံနိုင်ငံရေးသမားများက ပြောသည်။ လူကာရှန်ကိုက မဲအရေအတွက် ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်ဟု ဘီလာရုစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ရာ နိုင်ငံတစ်ဝန်း အကြီးအကျယ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။


ဥရောပနိုင်ငံအများအပြားနှင့် အမေရိကန်နိုင်ငံက လူကာရှန်ကိုကို ဘီလာရုစ်နိုင်ငံ၏ တရားဝင်သမ္မတအဖြစ် အသိအမှတ်မပြုဟု ဆိုသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လူကာရှန်ကို၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုမှာ ဘီလာရုစ်နိုင်ငံ၏ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့တို့၏ စိတ်ခံစားချက်ကို ပြောင်းလဲသွားစေခဲ့ဖွယ်ရှိသည်။


မင့်စ်မြို့တွင် ဆန္ဒပြသူများက ပိုမိုရန်လိုလာခဲ့ပြီး လမ်းများကို ပိတ်ဆို့ခြင်း၊ ရဲကားများကို လိုက်လံတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါလုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ကလည်း တစ်လကျော် အသုံးမပြုခဲ့သည့် မီးသတ်ပိုက်ဖြင့် လူစုခွဲခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်။                                                                                          

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ