စက်တင်ဘာ ၂၄၊ အဘူဂျာ
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် အခြားယာဉ်များနှင့် တိုက်မိခဲ့ပြီးနောက် လောင်စာဆီကားတစ်စီး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ များနှင့် ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည်ဟု သတင်းများက ဖော်ပြသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လိုကိုဂျာမြို့ အဝေးပြေးလမ်းပေါ်တွင် လောင်စာဆီကား ဘရိတ်ပေါက်၍ ဟန်ချက်မထိန်းနိုင်တော့ဘဲ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟု ဒေသခံရဲတပ်ဖွဲ့က ပြောသည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ လမ်းများပေါ်တွင် ယင်းကဲ့သို့ မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု အဘူဂျာမြို့မှ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ထားသည်။ ယခုဖြစ်ရပ်တွင် သေဆုံးသူအများအပြားမှာ ပုံပန်းသဏ္ဍာန် မမှတ်မိနိုင်လောက်အောင် မီးလောင်ခံခဲ့ရကြောင်း လိုကိုဂျာရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝီလီအေယာက ပြောသည်။
ကျောင်းသားများက ကောလိပ်သွားရန် လမ်းဖြတ်ကူးနေစဉ် ပေါက်ကွဲမှု ကြုံခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ယင်းတို့၏ကားအတွင်း ရှိနေသူတစ်စုလည်း သေဆုံးခဲ့ သည်ဟု ဆိုသည်။ ပြီးခဲ့သည့်ဇွန်လကလည်း နိုင်ဂျီးရီးယားနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် လာဂို့စ်မြို့တွင် လောင်စာဆီ ကားနှစ်စီးတိုက်မိခြင်းကြောင့် လူလေးဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် မီးလောင်ကျွမ်းခဲ့ပြီး သဘာဝဓာတ်ငွေ့ တင်ဆောင်လာသည့် အခြားလောင်စာကားကို ကူးစက်သွားခဲ့သည်။
Ref:BBC(KNT)