နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအပြင် အခြားအသင်းကစားသမားတွေကိုပါ ပိုင်ဆိုင်နေတဲ့ အေဗရာမိုဗစ်ချ်

စက်တင်ဘာ   ၂၄


အသင်းပိုင်ရှင်တစ်ဦးဟာ မိမိအသင်းက ကစားသမားတွေအပြင် အခြားပြိုင်ဘက်အသင်းတွေဆီက ကစားသမားအချို့ကိုပါ ပိုင်ဆိုင်ထားတာမျိုးတစ်နည်းအားဖြင့် ငွေကြေးမြှုပ်နှံထားတာမျိုး ကြားဖူးကြပါ လိမ့်မယ်။ ချဲလ်ဆီးသူဌေး အေဗရာမိုဗစ်ချ်ဟာ ကစားသမားတွေကို သီးသန့်ရှယ်ယာရှင်အနေနဲ့ မြှုပ်နှံထား တယ်လို့ သိရပါတယ်။ ကစားသမားတွေအများကြီးကိုပါဝင်ပတ်သက်နေတဲ့ အေဗရာမိုဗစ်ချ်ဟာ တိုက်ရိုက်ပိုင်ဆိုင်တာမျိုးတော့ မဟုတ်ပါဘူး။ Leiston Holdings (လက်စတွန်ဟိုးဒင်း) ဆိုတဲ့ ကုမ္ပဏီနဲ့ အေဗရာမိုဗစ်ချ်တို့ကြား ပိုင်ရှင်ကဏ္ဍဆက်သွယ်မှုရှိကြပါတယ်။ မိုဗစ်ချ်ဟာ အမည်မခံဘဲ ကုမ္ပဏီရဲ့ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ ဒီကုမ္ပဏီက ဘောလုံးသမားတွေကို TPO စနစ်နဲ့ ပိုင်ဆိုင်ထားပါတယ်။ Third Person Owenership ဆိုတဲ့အသင်းနဲ့ အသင်းပိုင်ရှင်မဟုတ်ဘဲ နောက် တစ်ယောက်က ပိုင်ထားတဲ့သဘောဖြစ်ပြီး ကစားသမားရဲ့အပြောင်းအရွှေ့တွေဟာ ပိုင်ရှင်ရဲ့သဘောထား နဲ့ လုပ်ပိုင်ခွင့်အောက်မှာရှိနေပါတယ်။ အသင်းပြောင်းချင်တိုင်းပြောင်းတာမျိုးမရဘဲ ကစားသမားကို ထုတ်ကုန်လို မြှုပ်နှံထားတာဖြစ်ပါတယ်။ ဒီပြဿနာမျိုးတွေကို ၂၀၀၈ ခုနှစ် ပရီးမီးယားလိဂ်မှာ အခုလို ပိုင်ဆိုင်တာမျိုးတွေကို ဖျောက်ဖျက်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ ၂၀၁၅ မှာ ဖျောက်ဖျက်နိုင်ခဲ့ပါတယ်။ ကစားသမားကို ကလပ်ကပဲ စာချုပ်နဲ့ပိုင်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အေဗရာမိုဗစ်ချ်ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဟာ ချဲလ်ဆီးနဲ့ ၂၀၁၄ ချန်ပီယံလိဂ်မှာ တွေ့ခဲ့တဲ့ကစားသမား အန်ဒရီကာရီလ်လိုလို ကစားသမားမျိုးကအစ ပါတယ်လို့သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ အခုလိုကိစ္စတွေကို တွေ့ရတဲ့ အေဗရာမိုဗစ်ချ်ဟာ တရားစွဲခံရတာမျိုးရှိမှာတော့ မဟုတ်ပါဘူး။ သူက ၂၀၁၄ က ဖြစ်ခဲ့တာပါ။ နောက်ပိုင်း ရပ်ဆိုင်းထားခဲ့ပါတယ်။ လက်ရှိအချိန်ပိုင်ဆိုင်နေဦးမယ်ဆိုရင် တရားရင်ဆိုင်ပြီး ဥပဒေအကြောင်းအရ အရေးယူခံရမှာဖြစ်ပါတယ်။                                                                                                                   


(SO)






အခြားဆက်စပ်သတင်းများ