နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာက နော့ဝှစ်ချ်ကစားသမား မက်ဇ်အာရွန်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိ

စက်တင်ဘာ   ၂၄


ဘာစီလိုနာအသင်းသည် အင်္ဂလန်ကလပ် နော့ဝှစ်ချ်အသင်း ခံစစ်ကစားသမား မက်ဇ်အာရွန်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ယင်းအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၀ နှစ်အရွယ်ရှိ အင်္ဂလန်ကစားသမား မက်ဇ်အာရွန်သည် ဘောလုံးစွမ်းရည်ပြည့်ဝသူဖြစ်ပြီး ဥရောပ အသင်းကြီးများက ယင်းကိုစောင့်ကြည့်နေခြင်းဖြစ်သည်။

နော့ဝှစ်ချ်အသင်းသည် မက်ဇ်အာရွန်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၂၀ ထိ သတ်မှတ်ထားပြီး အပိုဆုကြေးအဖြစ် စတာလင်ပေါင် ၁၀ သန်းရရှိလိုသော်လည်း ဘာစီလိုနာအသင်းက ယင်းအတွက် နော့ဝှစ်ချ်အသင်း သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက်လျော့နည်းသည့် ပမာဏဖြင့်သာ ခေါ်ယူသွားဖွယ်ရှိနေသည်။                                                                                                     


(သူရိန်)






အခြားဆက်စပ်သတင်းများ