နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ဒဏ်ခံနေရတဲ့ အဓိကကစားသမားများနဲ့ မန်စီးတီး

စက်တင်ဘာ   ၂၄


ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ ဝုဗ်ပွဲစဉ်မှာ ဒီဘရိုင်း၊ ဖီးလ်ဖိုဒန်၊ ဂျီးဆပ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ  အဝေးကွင်းမှာ မန်စီးတီးတို့ ၃−၁ နဲ့ နိုင်ခဲ့ပါတယ်။ အင်္ဂလန်အင်အားကြီးကလပ်ဖြစ်တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ အသင်းအနေနဲ့ ကစားသမားအကန့်အသတ်နဲ့သာ အသုံးပြုနေရပါတယ်လို့ ဝုဗ်နဲ့ပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက ပြောခဲ့ပါတယ်။ အကြောင်းကတော့ အသင်းက အဓိကကစားသမား ၇ ယောက် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်လို့ဆိုပါတယ်။ အဲဒီ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ သူတွေထဲမှာ ကန်ဆယ်လို ဘာနန်ဒိုဆေးဗား၊ ဇင်ချန်ကို၊ အဂူရို၊ လာပေါ်တေနဲ့ အဲရစ်ဂါဆီယာတို့အပါအဝင် ကိုဗစ်ကြောင့် သီးသန့်နေထိုင်ရတဲ့ ဂန်ဒိုဂန်တို့ပါဝင်လာခြင်းမရှိပါဘူး။ ဒီအချိန်မှာ ကာရာဘောင်းဖလားရှုံးထွက် ပြိုင်ပွဲကို ကစားဖို့ရှိနေပြီး ပထမဆုံးစတင်ကစားရချိန်မှာ မရှုံးနိမ့်ဖို့ အစွမ်းကုန်ကြိုးစားကြဖို့လိုနေတာဆိုတာ နည်းပြအနေနဲ့ နားလည်ထားပါတယ်။ “ကစားသမား ၇ ဦးလောက် အသင်းနဲ့ရှိမနေနိုင်ပါဘူး။ ဝုဗ်နဲ့ပွဲမှာသုံးခဲ့တဲ့ ကစားသမားအင်အားလောက်လာမယ့်ပွဲမှာ မသုံးနိုင်ပါဘူး။ လက်စတာ အသင်းနဲ့လည်း ကစားရအုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အကယ်ဒမီကစားသမားအများစုကို အခွင့်အရေးပေးပြီး ပရီးမီးယားလိဂ်အတွက် အင်အားချွေတာရပါမယ်”လို့ ဂွါဒီယိုလာကပြောခဲ့ကြောင်း Independent သတင်းဌာနက ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ကစားတဲ့ပွဲက ကစားသမားဘယ်နှစ်ဦးလောက်လာမယ့် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်လာနိုင်ပြီး လက်စတာနဲ့ပွဲအတွက် ဘယ်လိုတွေအနားပေးရမလဲဆိုတာ ပြန်လည်စိစစ်ဖို့ လိုသေးတယ်လို့  ပက်ကဆိုပါတယ်။  “၃ ရက်ပဲရှိပါတယ်၊  ကာရာဘောင်းဖလားကို ကျွန်တော် တို့ ၃ ကြိမ်ဆက်ရထားပြီး ဆက်လက်လိုချင်နေပေမယ့်လည်း ကျွန်တော်တို့မှာ လူမရှိပါဘူး။ ၃ ရက်တစ်ပွဲနှုန်းနဲ့ ကစားနေချိန်မှာ လူမရှိလို့ ဒါကိုဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ အကယ်ဒမီကစားသမားတွေက အဖြေပါဘဲ”လို့ ပက်က ဆက်လက်ပြောဆိုခဲ့ပါတယ်။                                                                     


 (SO)






အခြားဆက်စပ်သတင်းများ