စက်တင်ဘာ ၂၄
စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုလက်ထက်တုန်းက စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေခဲ့တဲ့ စပါးရဲ့ကွင်းလယ် ကစားသမားဒယ်လီအလီဟာ လက်ရှိနည်းပြမော်ရင်ဟိုလက်ထက်မှာ စပါးအသင်း လူစာရင်းကနေ ချန်လှပ်ခံရတာတွေ၊ ပွဲထွက်ကစားဖို့ ရုန်းကန်နေရတဲ့အခြေအနေကို ရောက်နေပါတယ်။ ဒါကြောင့် ကစားသမားဟာ အသင်းကနေပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ PSG အသင်းဟာ စပါးကွင်းလယ်လူ ဒယ်လီအလီကို အငှားစာချုပ်နဲ့ ခေါ်ယူလိမ့်မယ်လို့ သတင်းတွေလဲ ထွက်ပေါ် နေပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒယ်လီအလီကိုခေါ်ယူဖို့ စပါးအသင်းနဲ့ PSG အသင်းတို့ဆွေးနွေးမှု တွေပြုလုပ်နေတယ်လို့ တယ်လီဂရပ်သတင်းမှာ ဖော်ပြထားပါတယ်။ PSG အသင်းကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မပိတ်ခင်မှာပဲ ဒယ်လီအလီရဲ့ အပြောင်းအရွှေ့ကိစ္စကို ပြီးပြတ်အောင်ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ စပါးအသင်းကလည်း လာမယ့်နွေရာသီမတိုင်ခင်မှာ ဒယ်လီအလီရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒယ်လီအလီဟာ ၂၀၁၅ က အမ်ကေဒွန်းစ်အသင်းကနေ စပါးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၂၃ ပွဲပါဝင်ကစား ကာ ၆၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဒယ်လီအလီဟာ စပါးအသင်းနောက်ဆုံးကစားတဲ့ပွဲစဉ် (၂) မှာ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးတွေလည်း အမျိုးမျိုးထွက်ပေါ်လျက်ရှိပါတယ်။
(SO)