စက်တင်ဘာ ၂၃
OPPO Reno4 SE 5G ကို တရားဝင်မိတ်ဆက်လာပြီဖြစ်ပြီး အဆိုပါစမတ်ဖုန်းမှာ ၆ ဒသမ ၄၃ လက်မ AMOLED FHD+ ရုပ်ထွက်၊ 20:9 Aspect Ratio သုံးထားသည်။
Punch-Hole မှာ ရှေ့ကင်မရာ 32MP ထည့်သွင်းထားပြီး EIS ၊ AI Smart Beauty ၊ Portrait Mode ၊ Night Scene Mode ၊ 1080p@30fps ဖြင့် ဗီဒီယိုရိုက်ကူးမှုစနစ်တို့ ပါဝင်သည်။
ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး အဓိကကင်မရာက 48MP f/1.7 ဖြစ်ကာ ဒုတိယကင်မရာက 119 ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်သည့် 8MP f/2.2 ကင်မရာဖြစ်သည်။ တတိယကင်မရာက 2MP f/2.4 Macro ဖြစ် သည်။
ကျောဘက်ကင်မရာမှာ Professional Mode ၊ Portrait Mode ၊ Panorama ၊ Night Scene Mode ၊ EIS ၊ 1080p@120fps အနှေးဗီဒီယိုရိုက်ကူးမှု၊ 1080p@30sp ဖြင့် ဗီဒီယိုရိုက်ကူးမှုတို့ ထောက်ပံ့ထားသည်။
91.97% DCI-P3 Color Gamut ၊ 100% sRGB ထောက်ပံ့ထားသလို 60Hz Refresh Rate နှင့် 180Hz Touch Sampling Rate တို့ ထောက်ပံ့ထားသည်။ In-Display Fingerprint Scanner သုံးထားပြီး Screen-to Body Ratio က 90.8 ရာခိုင်နှုန်းအထိရှိသည်။
MediaTek Dimensity 720 Chipset ၊ 8GB LPDDR4X RAM နှင့် ပါဝါထောက်ပံ့ထားကာ 256GB UFS 2.0 အထိ ရွေးချယ်နိုင်သည်။ Android 10 အခြေပြု ColorOS 7.2 ပါဝင်သည်။ ဘက်ထရီ 4300 mAh ပါဝင်ကာ 65W SuperVOOC 2.0 ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။
OPPO Reno4 SE 5G ကို အနက်ရောင်၊ အပြာရောင်နှင့် အဖြူရောင်တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် 8GB+128GB ကို ၃၆၉ ဒေါ်လာ၊ 8GB+256GB ကို ၄၁၃ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
(သူရိန်)