နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်နှင့်ကလေးကျန်းမာရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

စက်တင်ဘာ  ၂၃


မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေ စုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေး သူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ၅ နှစ်အောက်ကလေးငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ အနာဂတ်၏ သားကောင်းရတနာများသည်              ယနေ့ ကလေးသူငယ်များသာဖြစ်သည်။ အဆိုပါ ကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ  သားကောင်းရတနာလေးများအမှန်ဖြစ်လာမည်။ ၅ နှစ်အောက်ကလေးများသည် လူကြီးများကဲ့သို့ တစ်ကြိမ် တည်းနှင့် အစာအများကြီးမစားနိုင်သောကြောင့် တစ်နေ့နှစ်ကြိမ်ကျွေးရုံနှင့် မလုံလောက်ပါ။ တစ်နေ့ ထမင်း သုံးကြိမ် ကျွေးရန်နှင့် အာဟာရပြည့်ဝသော မုန့်ပဲသွားရည်စာများ ခဏခဏကျွေးပါ။ နေမကောင်းလျှင် အစာပျော်ပျော်ကျွေးရန်၊ အရည်များများတိုက်ရန် လိုအပ်သည်။

ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိက ကျသည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။ မိခင်နှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအခြေအနေကို မြှင့်တင်ပေးခြင်းသည် အဓိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်ဖြစ် သည်။ ကိုယ်ဝန်ဆောင်မိခင် အာဟာရပြည့်မှသာ ကျန်းမာပြီး ကိုယ်အလေးချိန်ပြည့်သော ကလေးကို မွေးဖွား မည်။ ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရပြည့်ဝအောင် အစာပိုစားရမည်။ သား၊ ငါး၊ သီးနှံ စုံအောင်စားရမည်။ နို့သောက်သင့်သည်။ အိပ်ရေးဝအောင်အိပ်ပါ။ အနားယူပါ။ သွေးအားကောင်းစေရန် သံဓာတ်ဆေးပြား မှန်မှန် မှီဝဲရန်၊ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင်ထိုးရန် လိုအပ်သည်။

မွေးဖွားလာသော ကလေးငယ်များ မွေးစမှ ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေး ရန် လိုအပ်သည်။ အာဟာရကြွယ်ဝပြီး ရောဂါကာကွယ်ပေးသည်ဓာတ်များပါဝင်သော နို့ဦးရည်ကို မီးဖွားပြီး တစ်နာရီအတွင်း စောနိုင်သမျှစောစောတိုက်ရန် လိုအပ်သည်။ ရင်သွေးငယ်များ အာဟာရချို့တဲ့မှုကြောင့် အသက်မဆုံးရှုံးစေရေးနှင့် အာဟာရပြည့်ဝရေးတို့အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင် ပေးနိုင်သည့် စရိတ်ကျဉ်းသော မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်း၊ ကလေးငယ်များကို စနစ်တကျ အစာကျွေး ခြင်းတို့သည် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သားသမီး ကောင်း ရတနာများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးသည့်လုပ်ငန်းဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာရေးမိခင်များဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရ ပြည့်ဝကာ မျှတစွာစားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုက်အဝန်းများကပါ အထူးဂရုပြု ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း . . . . . ။          ။






အခြားဆက်စပ်သတင်းများ