နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ကျိုက်လတ်တိုက်နယ်ဆေးရုံသို့ PPE ဝတ်စုံ၊ အ‌ထောက်အကူပြု ပစ္စည်းနှင့် အစားအသောက်များ လာ‌ရောက်လှူဒါန်း

ကန်ကြီးထောင့် ဧပြီ ၂၅ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်တိုက်နယ်ဆေးရုံသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ PPE ဝတ်စုံများ၊ အထောက်အကူပြုပစ္စည်းများနှင့် အစားအသောက်များကို ဧပြီ ၂၄ ရက်၊ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်​မှူးချုပ်​ ညွန့်ဝင်းဆွေနှင့်အဖွဲ့မှ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကျိုက်လတ်တိုက်နယ်ဆေးရုံသို့ PPE ဝတ်စုံ ၂၀၊ နှာခေါင်းစည်း အခု ၂၀၀၊ Hand Gel ၈ ဘူးနှင့် ကြက်သား ဆန်ပြုတ်၊ ကြက်ဥ၊ ပေါင်မုန့်နှင့် ငှက်ပျောသီးများကို ပေးအပ်လှူဒါန်းရာ ဒေါက်တာ‌‌ကျော်စိုးထက်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ နိုင်လင်း (KGD)






အခြားဆက်စပ်သတင်းများ