နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီမှာ သွက်လက်ထက်မြက်စွာနဲ့ ဂိုးတွေသွင်းနေတဲ့ အလက်ဇန္ဒားဆောလော့ကို မန်ယူ ခေါ်ယူလို

စက်တင်ဘာ  ၂၃


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဆောလော့ဟာ ၂၀၁၉−၂၀၂၀ ရာသီက ခရစ္စတယ်ပဲလေ့အသင်းကနေ တူရကီ ကလပ် ထရက်ဇွန်စပေါ်ထံ အငှားချခံထားရချိန်မှာ ပြိုင်ပွဲစုံ ၃၃ ဂိုးအထိ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ဒီကစားသမား ဆောလော့ကို မန်ယူအသင်းက ခေါ်ယူချင်နေတယ်လို့ တူရကီသတင်းဌာန AsistAnaliz ရဲ့ သတင် တွေမှာ ဖော်ပြနေကြပါတယ်။ ဆောလော့ဟာ လိုက်ဇစ်အသင်းကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရာမှ ပျက်ပြယ် သွားခဲ့ပါတယ်။ သတင်းတွေမှာတော့ ဒီလိုပျက်ပြယ်ရတာဟာ မန်ယူက ကစားသမားကို စိတ်ဝင်စားမှုရှိလာခဲ့ တာကြောင့်လို့ သိရပါတယ်။ မော်ရင်ဟိုကလည်း ယင်းရဲ့အသင်းစာရင်းမှာ နောက်ထပ်တိုက်စစ်မှုးတစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတာကြောင့် စပါးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်ယူဟာ ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ စပါး၊ မန်စီးတီးစတဲ့အသင်းတွေဟာ ကစားသမားအသစ် တွေခေါ်ယူထားကြပေမဲ့ မန်ယူကတော့ ဗန်ဒီဘိခ်တစ်ဦးသာခေါ်ယူနိုင်ပါသေးတယ်။ မန်ယူဟာ ပေါ်တို ဘယ်နောက်ခံကစားသမားကို ခေါ်ယူဖို့ ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းရပြီး အဲလက်စ်တဲလက်စ်ဟာ လာမယ့် ရက်ပိုင်းအတွင်း အိုးထရက်စ်ဖို့ကိုရောက်ရှိလာနိုင်ဖွယ်ရှိနေပါတယ်။ ဆန်ချိုကို မန်ယူတို့ လူသိရှင်ကြားခေါ်ယူဖို့  ကြိုးပမ်းမှုတွေဟာလည်း စုံးစုံးမြုပ်သွားပြီလို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက ကြားသိနေရပါတယ်။ 

မန်ယူဂန္ထဝင် အီဗရာက အသင်းရဲ့ လက်ရှိစီမံခန့်ခွဲမှုတွေကို စိတ်ပျက်နေကြောင်း အင်စတာဂရမ်မှာ “သူတို့က ဘောလုံးကိုချစ်တဲ့သူတွေမဟုတ်ဘူး”လို့ တင်ပြီး ပြသခဲ့ပါတယ်။ မန်ယူတို့အဖြစ်က ကိုယ်ကချိန်လိုက် အခြားအသင်းနောက်ပါသွားလိုက်ဖြစ်နေတာကို ဒီတစ်ခါတော့ အဖြစ်မခံတော့ဘူးထင်ပါတယ်။                 

(SO)






အခြားဆက်စပ်သတင်းများ