နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်စ်အသင်းတွင် ဆေးစစ်မှုခံယူရန် မိုရာတာ ရောက်ရှိ

စက်တင်ဘာ  ၂၃


အေတီကိုအသင်းတိုက်စစ်မှူး မိုရာတာ ဂျူဗင်တပ်စ်အသင်း၏ လေ့ကျင့်ရေးကွင်းအခြေစိုက်သို့ ဆေးစစ်မှု ခံယူရန် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

မိုရာတာသည် ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တွင် အေတီကိုအသင်းမှ တစ်ရာသီအငှားဖြင့် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မိုရာတာကို အသင်း၏ လေ့ကျင့်ရေးကွင်းအခြေစိုက်မှာ တွေ့ရှိခဲ့ရပြီး ပရိသတ်များကို လက်ပြနှုတ်ဆက် နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ စာချုပ်အရ ဂျူဗင်တပ်အသင်းအနေဖြင့် မိုရာတာကို ရာသီကုန်တွင် အပြီးသတ်ဝယ်ယူနိုင်ခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။

ပြီးခဲ့သည့်နွေရာသီက ချဲလ်ဆီးအသင်းကနေ စပိန်ကလပ်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့သည့် မိုရာတာသည် အေတီကိုအသင်းတွင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၌ ၁၉ ဂိုးသွင်းယူထားပြီး ၂ ဂိုးဖန်တီးပေးထားကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ