နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းရဲ့တိုက်စစ်အင်အားထပ်ဖြည့်ဖို့ လီဗာပူးတို့ အစ္စမိုင်လာဆားကို ခေါ်ယူ

စက်တင်ဘာ  ၂၃


လီဗာပူးအသင်းဟာ ဝက်ဖို့ဒ်ကြယ်ပွင့် အစ္စမိုင်လာဆားကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူခဲ့ကြပြီလို့ ယုံကြည်ရပြီး စာချုပ်ပါအချက်အလက်တွေကို အပြီးသတ်ဖို့ ညှိနှိုင်းပြောဆို ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးက ဝက်ဖို့ဒ်တိုက်စစ်မှူး အစ္စမိုင်လာဆားကို ခေါ်ယူဖို့ သဘောတူညီမှူရခဲ့ပြီလို့ France Football သတင်းတွေကဖော်ပြ နေကြပါတယ်။ အစ္စမိုင်လာဆားဟာ လီဗာပူးအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာပါဝင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် လီဗာပူးက ယင်းရဲ့စာချုပ် ကိစ္စကို လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ဖို့ မျှော်လင့်ထားတာကြောင့် အန်ဖီးကို အပြီးသတ်ပြောင်းရွှေ့ဖို့   ပြင် ဆင်နေပြီဖြစ်ပါတယ်။  လီဗာပူးဟာ ဝုဗ်အသင်းက ဒိုင်အိုဂျိုတာကို မကြာသေးမီအချိန်ကပဲ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လီဗာပူးက ပေါ်တူဂီကြယ်ပွင့်ကိုမခေါ်ယူမီ ဆားကလည်း ခေါ်ယူဖို့ စဉ်းစားထားတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် France Football ကတော့ လီဗာပူးအသင်းဟာ ဆားအတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရခဲ့ပြီလို့ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ကလော့ပ်ရဲ့ တိုက်စစ်ရွေးချယ်စရာအတွက် ဂျိုတာအပြင် နောက်ထပ်တိုက်စစ်ကစားသမား တစ်ဦး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အစ္စမိုင်လာဆားကို မန်ယူအသင်းက ဂျေဒန်ဆန်ချိုအပြင် နောက်ထပ် ရွေးချယ်စရာအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ခုတော့ လီဗာပူးအသင်းက ခြေလှမ်းသွက်သွက်လှမ်းပြီး လက်ဦးမှု ရယူသွားခဲ့တာပဲဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ