နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေများများမသုံးချင်လို့ စာချုပ်သက်တမ်းကုန် နာမည်ကြီးကစားသမားကိုရှာနေတဲ့ ရီးရဲလ်

စက်တင်ဘာ  ၂၃


အခုနွေရာသီစောစောပိုင်းထဲက အသင်းနဲ့ စာချုပ်ကုန်ဆုံးထားတဲ့ PSG တို့ရဲ့ စံချိန်တင်ဂိုးသွင်းရှင် တိုက်စစ်မှူး ကာဗာနီဟာ ပြင်သစ်မှာ ၇ ရာသီကစားပြီးနောက် အသင်းကနေထွက်ခွာခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေပါတယ်။ ရီးရဲလ်တို့ကလည်း ငွေများများမသုံးရဘဲ ခေါ်နိုင်မယ့် နာမည်ကြီးတိုက်စစ်မှူး ရှာနေကြတော့ ကာဗာနီကိုခေါ်ယူဖို့ စဉ်းစားနေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရီးရဲလ်ဟာ လာလီဂါအဖွင့်ပွဲစဉ်မှာ ဆိုစီဒက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် နည်းပြဇီဒန်းက အသင်းရဲ့ တိုက်စစ် ပိုင်းကို ပိုမိုအားဖြည့်ဖို့ စီစဉ်နေကြောင်း မာကာသတင်းဌာနက ဖော်ပြလာပါတယ်။ လက်ရှိ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေကတော့ ဘန်ဇီမာ၊ ဂျိုဗစ်၊ ရိုဒရီဂိုတို့အပြင် အခြားကစားသမားတွေလည်းရှိပါ သေးတယ်။ ရီးရဲလ်အသင်းဟာ ဆိုစီဒက်နဲ့ သရေကျပြီးနောက် ဥရုဂွေးတိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စဉ်းစားပြီး ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။ ကာဗာနီရဲ့ လုပ်ခလစာဟာ တစ်နှစ်ကို ပေါင် ၆ ဒသမ ၄ သန်း ရှိပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမှာကို ရီးရဲလ်တို့ သဘောကျကျေနပ်နေတာဖြစ်ပါတယ်။ PSG အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားကို ခေါ်ယူချင်နေကြတဲ့ အသင်းတွေကတော့ ဂျူဗင်တပ်၊ အက်သလက်တီကို၊ ရိုးမား၊ ဘင်ဖီကာနဲ့ ဂရီမီယိုအသင်းတွေပဲဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ