နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုရှင်ကို ပညာပြလိုက်တဲ့ ဝုဗ်တောင်ပံကြယ်ပွင့်

စက်တင်ဘာ  ၂၃


အိမ်ရှင်ဝုဗ်အသင်းနဲ့ မန်ယူတို့ တနင်္လာညက ကစားခဲ့တဲ့ပွဲမှာ မန်ယူက ပထမပိုင်းတွင် ၂-၀ နဲ့ အနိုင်ယူထား ပါတယ်။ ဒီပွဲစဉ်မှာ ဝုဗ်တောင်ပံကြယ်ပွင့်ကစားသမား ဒန်နီရယ်ပိုဒန့်စ်ဟာ မန်ယူအသင်းရဲ့ PFA တစ်နှစ်တာ အကောင်းဆုံးဆုရှင် ကီဗင်ဒီဘရိုင်းကို အရူးလုပ်ပြခဲ့ပြီး ယခုရာသီ၊ ယခုအချိန်အထိ အကောင်းဆုံးစွမ်းရည်ကို ပြသသွားခဲ့ပါတယ်။ နည်းပြ နုနိုဆန်ရဲ့ ဝုဗ်အသင်းဟာ မန်ယူအသင်းကို မိမိအိမ်ကွင်းမှာပင် ပထမပိုင်းအတွင်း ၂−၀ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ်တွေ ပြသခဲ့ကြပြီး ပိုဒန့်စ်ရဲ့ ရာအူးလ်ဂျီမီနက်ဇ်အတွက် ဂိုးဖန်တီးပေးမှုဟာ မှော်ဆန်တဲ့အခိုက်အတန့်ကို မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားဟာ ဘောလုံးကိုလက်ခံရရှိခဲ့ပြီး ဘောလုံးလုယူဖို့ ကြိုးစား ခဲ့တဲ့ ဒီဘရိုင်းရဲ့ ပေါင်ကြားထဲ ထည့်ပြခဲ့ပြီးနောက် ဂျီမီနက်ဇ် ချေပဂိုးသွင်းယူလို့ရအောင် ဘောလုံးကို ဖြတ်တင် ပေးပို့ခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေဟာ ပိုဒန့်စ်ရဲ့ ဘောလုံးစွမ်းရည်ကို နှစ်သက်ခဲ့ကြပြီး PFAရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားကတော့ အရူးလုပ်ခံလိုက်ရပြီလို့ ထင်မြင်ခဲ့ကြပါတယ်။ 

ပရိသတ်တစ်ဦးက “ကီဗင်ဒီဘရိုင်းရဲ့ ဂိုးဖန်တီးမှုအားလုံးကို အခု ပိုဒန့်စ်က ပိုင်ဆိုင်သွားပြီ”လို့ ရေးသား ခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ဒီလိုဖြတ်တင်ပေးပို့မှုမျိုးမလုပ်ခင် ဒီဘရိုင်းကို ပေါင်ကြားထဲက ထည့်သွားတာက ဒီဘရိုင်းကို မနာလိုဖြစ်အောင်လုပ်ခဲ့တာကို တွေးကြည့်လို့ရပါတယ်။ ပိုဒန့်စ်ကွ”လို့ ရေးသားခဲ့ကြပါတယ်။                                  


(SO)






အခြားဆက်စပ်သတင်းများ