နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံက ဗြိတိန်အမျိုးသမီးကို ထောင်မှ ယာယီလွှတ်ပေးသည့်သက်တမ်း တိုးမြှင့်ပေး

အီရန်နိုင်ငံက ဗြိတိန်-အီရန်နွယ်ဖွား ပရဟိတဝန် ထမ်း ဇာဂါရီရက်ကလစ်၏ ထောင်မှယာယီ လွတ်မြောက်ခွင့်ကို ရက်သတ္တနှစ်ပတ် သက်တမ်းတိုး ပေးခဲ့ကြောင်း ယင်း၏ခင်ပွန်းဖြစ်သူက ပြောသည်။ အသက် ၄၁ နှစ်ရှိသည့် ဇာဂါရီရက်ကလစ်မှာ COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားခဲ့ခြင်းကြောင့် မတ်လ ၁၇ ရက်က အီဗင်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဇာဂါရီရက်ကလစ်မှာ ၂၀၁၆ ခုနှစ်က သူလျှိုလုပ်သည်ဆိုသည့် စွဲချက်များဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ဇာဂါရီရက်ကလစ်က အဆိုပါစွဲချက်များကို ငြင်းဆန်ခဲ့သည်။ သနားညှာတာပေးရန် လျှောက်ထားသည့် ဇာဂါရီရက်ကလစ်၏ ဖိုင်တွဲကို အီရန်နိုင်ငံ အစိုးရရှေ့နေချုပ်ထံ တင်ပြထားသည်ဟု ယင်း၏ ခင်ပွန်းဖြစ်သူ ရစ်ချက်က ပြောသည်။ ဇာဂါရီရက်ကလစ်မှာ ထောင်မှ ပြန်လွတ်လာပြီးနောက် တီဟီရန်မြို့ရှိ ယင်း၏မိဘများ နေအိမ်တွင် နေထိုင်လျက်ရှိသည်။ သို့သော် ခြေကျင်းဝတ်တွင် တည်နေရာ ဖော်ပြသည့် ကိရိယာ တပ်ဆင်ထားရပြီး ယင်း၏မိဘများနေအိမ်နှင့် မီတာ ၃၀၀ ပတ်လည်အတွင်းသာ သွားလာခွင့်ပြုထားသည်။ အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် လူ ၁၃၉ ဦး သေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၂၅၁၇ ဦးရှိလာခဲ့သည်။ အီရန်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အကျဉ်းသားသောင်းချီကို ယာယီပြန်လွှတ်ပေးခဲ့သည်။ ယခုလအစောပိုင်းက COVID-19 ရောဂါပိုးမရှိသည့် အကျဉ်းသား ၈၅၀၀၀ နီးပါးကို အာမခံဖြင့် လွှတ်ပေးခဲ့သည်ဟု အီရန်အာဏာပိုင်များက ဆိုသည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ