နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ရေးဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း Mask ဖြန့်ဝေ၊ ကျန်းမာရေးအသိပညာပေး

မန္တလေး ဧပြီ ၂၅ COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအားလုံးတွင် ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ COVID -19 အဆုတ်ရောင်ရောဂါသည် အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံနိုင်စွမ်း ရှိသောကြောင့် လူတိုင်းလူတိုင်း နှာခေါင်းစည်း Mask ကို မဖြစ်မနေသုံးစွဲရန် လိုအပ်လာပြီဖြစ်သဖြင့် ဧပြီ ၂၄ ရက်၊ ညနေ ၅ နာရီက မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ကမ်းနားဈေးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်နှင့် ဈေးနှင့် သားသတ်ဌာန၊ အခွန်ဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကုန်စိမ်းဈေးသူ၊ ဈေးသားများကို Mask များ ဖြန့်ဝေပေးပြီး ကျန်းမာရေးအသိပညာပေးစဉ်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ