နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဏ်လုပ်ငန်းချိန်များကို ယာယီပြင်ဆင်သတ်မှတ်

ရန်ကုန် ဧပြီ ၂၅ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဘဏ်လုပ်ငန်းချိန်များအား ဧပြီ ၂၈ ရက်မှစ၍ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိသာဖွင့်လှစ်ရန် ယာယီပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်ရခြင်းသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဘဏ်ဝန်ထမ်းများအားရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန်နှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စွာ စဉ်ဆက်မပြတ်လုပ်ကိုင် ဆောင်ရွက်ရန်တို့အတွက် ဖြစ်သည်။ ယခင်က ဘဏ်လုပ်ငန်းချိန်ကို တနင်္လာ မှ သောကြာအထိ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ၊ လအတွင်း နောက်ဆုံးအလုပ်လုပ်ရက် (လစာထုတ်ရက်)တွင် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိဖွင့်လှစ်ရန် သတ်မှတ်ညွှန်ကြားထားခြင်း ဖြစ်သည်။ ယခုအခါ ဘဏ်လုပ်ငန်းချိန်ကို ယာယီပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်သောကြောင့် ဘဏ်နှင့် ဆက်သွယ် သူများ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်သိရှိစေရန်အတွက် အများပြည်သူသိရှိနိုင်သည့် နေရာများတွင် ကြေညာထားရန် ဘဏ်များကို ညွှန်ကြားထားကြောင်းသိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ