နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယမှာ ပထမဆုံး Apple အွန်လိုင်းစတိုး ဖွင့်လှစ်မည်

စက်တင်ဘာ   ၂၂


Apple က အိန္ဒိယတွင် ကုမ္ပဏီ၏ ပထမဆုံးအွန်လိုင်းစတိုးကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောထားသည်။ အဆိုပါ အွန်လိုင်းစတိုးကို ဒီပါဝလီပွဲတော်မတိုင်မီ အိန္ဒိယတွင် Apple အွန်လိုင်းစတိုးကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဩဂုတ်လကုန်ပိုင်းက Bloomberg သတင်းတွင် ဖော်ပြထားပြီးဖြစ်ရာ  ယခုအခါ ကုမ္ပဏီက တရားဝင်သတင်းထုတ်ပြန်ချက်  တစ်စောင်ထုတ်ခဲ့ပြီး  စက်တင်ဘာ ၂၃ ရက်တွင်  အိန္ဒိယ၌ အွန်လိုင်းစတိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Apple က အိန္ဒိယတွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ငန်းလည်ပတ်ခဲ့သော်လည်း တရားဝင်အွန်လိုင်းစတိုးဆိုင် ကို ယခုအခါမှသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လက်ရှိအချိန်အထိ Apple ၏ ထုတ်ကုန်များကို အိန္ဒိယနိုင်ငံအတွင်း ဖြန့်ချိရာ တစ်ဆင့်ခံအရောင်းဆိုင်များ၊ Amazon နှင့် Flipkart တို့ကဲ့သို့ e-commerce လုပ်ငန်းများမှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

Apple Online Store တွင် ဖောက်သည်များသည် Apple Specialist များဆီက အကူအညီဖြင့် ဝယ်လိုသည့်ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး Apple Specialist များက ဖောက်သည်များကို ထုတ်ကုန်နှင့်ပတ်သက်သည့် ပြဿနာများ ဖြေရှင်းပေးခြင်းနှင့် လိုအပ်သည့် ဝန်ဆောင်မှုများကိုပါ ပေးသွား မည်ဖြစ်ပြီး ဟင်ဒီနှင့် အင်္ဂလိပ်နှစ်ဘာသာနှစ်မျိုးဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝယ်ယူသူများက Apple အွန်လိုင်းစတိုးများမှ ထုတ်ကုန်များကို Debit Card ၊ Credit Card EMI ၊ Net Banking ၊ Credit Card ၊ UPI နှင့် RuPay တို့ဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်ပြီး အွန်လိုင်းက ဝယ်ယူ သည့်ထုတ်ကုန်များအတွက် Apple က ဝန်ဆောင်ခ အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။ Apple က အိန္ဒိယတောင်ပိုင်း ပြည်နယ်နှစ်ခုတွင်ရှိသည့် Foxconn နှင့် Wistron စက်ရုံများမှ iPhone 11 အပါအဝင် စမတ်ဖုန်းအချို့ပါ တပ်ဆင်ထုတ်လုပ်နေသည်။ 


(WP)






အခြားဆက်စပ်သတင်းများ