နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Narzo 20 စီးရီး ဖုန်းသစ် ၃ မျိုးကို Realme က ကြေညာ

စက်တင်ဘာ   ၂၂


Realme က ယခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယ၌ Narzo 10 နှင့် Narzo 10A ကို မိတ်ဆက်ခဲ့သည်။ ယခုအခါတွင်လည်း Narzo 20 စီးရီးဖုန်းသစ်သုံးမျိုးဖြစ်သည့် Narzo 20 ၊ Narzo 20A နှင့် Narzo 20 Pro တို့ကို ကြေညာခဲ့သည်။ Narzo 20A သည်  အဆိုပါ ဖုန်း ၃ မျိုးတွင် တန်ဖိုးအနည်းဆုံးမော်ဒယ်ဖြစ်ပြီး ၆ ဒသမ ၅ လက်မ HD+ screen ဖြစ်ပြီး waterdrop notch နှင့် ထွက်ရှိလာသည်။

Realme Narzo 20A သည် Snapdragon 665 chipset အသုံးပြုထားပြီး ကျောဘက်တွင် 12MP main sensor ၊ 2MP B&W lens နှင့် 2MP Retro lens ထောင်လိုက်သုံးလုံးတွဲကင်မရာများ ပါရှိသည်။ ဘက်ထရီပါဝါ 5000mAh အကြီးစားဖြင့် ထွက်ရှိလာပြီး reverse charging ပါ ပေးနိုင်ပြီး  Victory Blue နှင့် Glory Silver အရောင်နှစ်ရောင်ဖြင့်ထွက်ရှိလာကာ 3/32 GB ဗားရှင်းကို ၈၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲကျော်) နှင့် 4/64 GB တို့ကို ၉၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး Narzo 20 တွင်လည်း ၆ ဒသမ ၅ လက်မ waterdrop notch ဖြင့်ထွက်ရှိလာပြီး 8MP selfie ကင်မရာ အသုံးပြုထားကာ Helio G85 chipset ဖြင့်ထွက်ရှိလာပြီး RAM 4GB နှင့်အတူ 64GB နှင့် 128GB storage ဗားရှင်းနှစ်မျိုး ထွက်ရှိထားသည်။ ကျောဘက်တွင် fingerprint scanner နှင့်အတူ စတုရန်းကွက်ပုံစံ သုံးလုံးတွဲကင်မရာ (48MP main sensor ၊ 8MP ultra-wide ၊ 2MP macro ) တို့ အသုံးပြုပေးထားသည်။ 

Realme Narzo 20 သည် USB C port မှ18W charging အားသွင်းနိုင်မည့် 6000mAh ဘက်ထရီဖြင့်ထွက်ရှိလာပြီး Narzo ဖုန်းများထဲတွင် ဘက်ထရီပါဝါအကြီးဆုံးဖုန်းဖြစ်ကာ Glory Silver နှင့် Victory Blue အရောင်တို့ဖြင့် ထွက်ရှိထားပြီး 64GB မော်ဒယ်ကို ၁၀၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) နှင့် 128GB မော်ဒယ်ကို ၁၁၄၉၉ ရူပီး (မြန်မာငွေ ၂ သိန်းကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။ 

Realme Narzo 20 Pro က ဖုန်းသုံးလုံးတွင် အမြင့်ဆုံးမော်ဒယ်ဖြစ်ပြီး 90Hz refresh rate ပါ ၆.၅ လက်မ FHD+ display ဖြင့် ထွက်ရှိလာပြီး punch-hole ဖြင့် ထုတ်လုပ်ထားကာ Sony IMX471 sensor 16MP selfie ကင်မရာ အသုံးပြုပေးထားသည်။ ကျောဘက်တွင် ထောင်လိုက် ၄ လုံးတွဲ ကင်မရာများဖြစ်သည့် 48MP main sensor ၊ 8MP ultra-wide ၊ 2MP B&W နှင့် 2MP macro lens တို့ အသုံးပြုပေးထားကာ fingerprint sensor က ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲတွင် ထည့်သွင်းထားပြီး 2250mAh ဘက်ထရီဆဲလ်နှစ်ခု (4500mAh) အသုံးပြုထားပြီး White Knight နှင့် Black Ninja ကာလာ ၂ ရောင်ဖြင့် ထွက်ရှိလာသည့်အဆိုပါဖုန်း၏  RAM 6GB/64GB storage ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲကျော်) ဖြင့်လည်းကောင်း RAM 8GB/128GB storage ကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) ဈေးဖြင့်လည်းကောင်း ရောင်းချသွားမည်ဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ