နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေမာအတွက် နှုတ်ခမ်းဖတ်ပညာရှင်အဖွဲ့ ဂွန်ဇာလက်အတွက် ထိုးနှက်ချက်

စက်တင်ဘာ  ၂၂


ပြီးခဲ့တဲ့ PSG နဲ့ မာဆေးတို့ရဲ့ ရန်ပွဲမှာ အနီကတ် ၅ ကတ်ထိ ပြသခဲ့ရပါတယ်။ အဲဒီပွဲမှာ PSG တို့ဘက်  ပိုအပြစ်ပေးခံရပြီး စုစုပေါင်း ၁၀ ပွဲပယ်ခံရပါတယ်။ အဲဒီပြဿနာထဲမှာ နေမာလည်း ပါဝင်ခဲ့ပါတယ်။ အနီကတ် အပြခံရပြီး နှစ်ပွဲပယ်အပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ ဒါပေမယ့် နေမာက ပွဲချိန်အတွင်း လူမျိုးရေးခွဲခြားခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် နေမာနဲ့ အယ်ဗာရိုဂွန်ဇာလက်တို့ စကားအချေအတင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်        ကွင်းအတွင်းဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကို မှတ်တမ်းတင်ရာမှာ ရုပ်ပဲဖမ်းလို့ရကာ အသံနေအသံထားက နှစ်ကိုယ်ကြား ဖြစ်နေရင် တိကျတဲ့စကားလုံးတွေဖမ်းဖို့က ခက်ပါတယ်။ ဒီအခြေအနေမျိုးမှာ နှုတ်ခမ်းဖတ်ပညာရှင်တွေက မှတ်တမ်းကိုကြည့်ပြီး ဖတ်ပြပြောပြမှသာ အဖြေတစ်ခုခုရမှာပါ။ ဒီကိစ္စအတွက် ဘရာဇီးမီဒီယာ Esporte Espetacular ချယ်နယ်က နှုတ်ခမ်းဖတ်ပညာရှင်သုံးဦးကိုခေါ်ခဲ့ကာ သူတို့ရဲ့ ဘရာဇီးသားအတွက် မှန်ကန်တဲ့ အဖြေ ရှာတွေ့ဖို့ လုပ်ငန်းစတင်ခဲ့ပါတယ်။ လူးဝစ်ဖိလစ်ရာမို့စ်၊ ဖိလစ် အိုလီလီဗာနဲ့ မိုက်ကယ်ဗီဒယ်ဆိုတဲ့ ပညာရှင်သုံးဦးပါ။ သူတို့က ဆွံ့အနားမကြားအဖွဲ့အစည်းတွေမှာ တရားဝင်လုပ်ကိုင်နေတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့တာက ဂွန်ဇာလက်ဟာ နေမာကို မိုနို(mono) ဆိုတဲ့စကားလုံး သုံးခဲ့ပါတယ်။ မိုနိုဆိုတာက စပိန်လိုအသံထွက်နဲ့ မျောက်လို့ပြောတာပါ။ လေယူလေသိမ်း အနေအထားနဲ့ သူစကားပြောလိုက်တဲ့အရွေ့ ပါးစပ်အလှုပ်တွေကိုကြည့်ပြီး ဂွန်ဇာလက်ပါးစပ်ကထွက်လာတဲ့ စကားလုံးကို ပညာရှင်တွေက ခန့်မှန်းပေးလိုက်တာပါ။ မှန်တယ်၊ မှားတယ်တော့ မဟုတ်ပါဘူး။ အဲဒီတွေ့ရှိချက် တွေက နေမာအတွက် တိုက်ပွဲဝင်သွားမဲ့ PSG တို့ အားတက်စရာပါ။ ဂွန်ဇာလက်က စပိန်စကားနဲ့ ပြောခဲ့တာကို စပိန်မှာကောင်းကောင်းဖြတ်သန်းလာတဲ့ နေမာက နားလည်နေခဲ့တာပါ။ တကယ်သာ မှန်ကန်ခဲ့ရင်တော့ ဂွန်ဇာလက်တစ်ယောက် ပြစ်ဒဏ်ကြီးကြီးနဲ့ ရင်ဆိုင်ရမှာပါ။                  


(SO)






အခြားဆက်စပ်သတင်းများ