နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကစားသမားလင်ဂတ်ကိုခေါ်ယူရန် မော်ရင်ဟို ပြင်ဆင်

စက်တင်ဘာ  ၂၂


စပါးအသင်းနည်းပြ မော်ရင်ဟိုက မန်ယူအသင်းကွင်းလယ်ကစားသမား လင်ဂတ်ကိုခေါ်ယူရန် ပြင်ဆင်နေ ကြောင်း သိရသည်။

နည်းပြ မော်ရင်ဟိုသည် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ယင်းနှင့်ဆက်ဆံရေးအဆင်မပြေဖြစ်နေသည့် ဒယ်လီအလီကို ရောင်းချကာ လင်ဂတ်နှင့်အစားထိုးရန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးရှားလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့် လင်ဂတ်သည် ယခုနှစ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင်လည်း အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည့်အတွက် စိတ်ပျက်နေကာ မန်ယူအသင်းမှ ထွက်ခွာလိုနေခြင်းဖြစ်သည်။

လင်ဂတ်ကိုခေါ်ယူနိုင်ရေးအတွက် မန်ယူအသင်းတာဝန်ရှိသူများနှင့် အမြန်ဆုံးဆွေးနွေးသွားရန် နည်းပြ မော်ရင်ဟိုက အသင်းဥက္ကဋ္ဌထံ တောင်းဆိုထားကြောင်း သိရသည်။

စပါးအသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းမှ ဂါရတ်ဘေးလ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူထားနိုင်ပြီး နောက်ခံကစားသမား ရီဂွီလန်ကိုလည်း အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ