နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီအစ တာထွက်ကောင်းနေတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ အင်္ဂလန်လိဂ်ဖလားမှာ တွေ့ဆုံ

စက်တင်ဘာ  ၂၂


လက်စတာဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ခဲ့ပေမယ့် နောက်ပိုင်း ခြေစွမ်းယိမ်းယိုင်လာခဲ့တာ ကြောင့် လွဲချော်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက် နောက်ဆုံး ၁၇ ပွဲမှာ ၄ ပွဲသာ အနိုင်ရပြီး ၁၇မှတ်သာ ရရှိခဲ့ပါတယ်။ လက်စတာ ကစားသမားကောင်းတွေရောင်းထုတ်လို့ ဝေဖန်ခံနေရတာတွေကို အတ္တလန္တာကနေ ခေါ်ခဲ့တဲ့ ကာစတက်နီရဲ့ ရာသီအဖွင့်ဂိုးနဲ့အတူ ဝေဖန်သံတွေတိတ်စေခဲ့ပါတယ်။ ဗာဒီကလည်း ဝက်စ်ဘရွန်းပွဲ မှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဗာဒီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးဘုရင်ဖြစ် ခဲ့တဲ့ ဂိုး  ၂၃ ဂိုး အနက် ၁၇ ဂိုးကိုရာသီရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တာပါ။ ကွင်းလယ်ဖန်တီးရှင် မက်ဒီဆန်ကလည်း ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပါပြီ။ ဒါကြောင့် လက်စတာတို့ လူစုံတက်စုံဖြစ်နေပါပြီ။

အာဆင်နယ်ဟာ နည်းပြ အာတီတာလက်ထက်မှာ တိုးတက်လာတာကိုတော့ ငြင်းမရပါဘူး။ အသင်းကြီး တွေလို ငွေသုံးစွဲနိုင်ခြင်းမရှိဘဲ အသင်းရဲ့ ဝန်ထမ်း ၅၅ ဦးကိုတောင် အလုပ်ကထုတ်ခဲ့ရပါသေးတယ်။ ဒါတွေဟာ အာတီတာနဲ့ ဘုတ်အဖွဲ့ရဲ့ လုပ်သင့်တာကိုအကောင်းဆုံးဖြစ်အောင်လုပ်တာပါ။ အူဘာမီယန်းကိုသက်တမ်းထပ်တိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်တိုက်စစ်က ပိုမိုတည်ငြိမ်လာပါတယ်။ ယိုင်နေတဲ့ ဗဟိုခံစစ်အတွက် လိုင်လီက ဂါဘရီရယ်ကို ပေါင် ၂၃ သန်းနဲ့ ခေါ်ခဲ့ကာ ဂါဘရီရယ်ကလည်း ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အလွတ်ခေါ်ခဲ့တဲ့ ချဲလ်ဆီးက ဝီလျံက အာဆင်နယ်သွင်းခဲ့တဲ့ ၃ ဂိုးစလုံး ပါဝင်ပတ်သက်မှု ရှိခဲ့ပါတယ်။ အူဘာမီယန်း ဂိုးမြူးနေဆဲဖြစ်တာကြောင့် အာဆင်နယ်အတွက် အားရစရာပါ။ အာတီတာနဲ့အတူ အာဆင်နယ်ကို ပြန်လည်တည်ဆောက်နေရတာကြောင့် စည်းလုံးမှုအပိုင်းအားနည်းနေပါသေးတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ရာသီမှာ လက်စတာနဲ့တွေ့ဆုံမှု နောက်ဆုံး ၆ ပွဲမှာ အာဆင်နယ် ၂ ပွဲနိုင် ၁ ပွဲသရေ၊ ၃ ပွဲရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် သရေနဲ့ အရှုံးသာ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ အနိုင်အရှုံးကိုတော့ စက်တင်ဘာ ၂၂ ရက် အင်္ဂါနေ့ ည ၁ နာရီ ၁၅  မိနစ်ချိန် စောင့်ကြည့်မှ သိရမှာပါ။                              


(SO)






အခြားဆက်စပ်သတင်းများ